Sunday, July 27, 2014

“လုပ်ငန်းခွင်ဆက်ဆံရေးနှင့်ပတ်သက်သမျှ…”

 

လူမှုကျင့်ဝတ်ရဲ့ အရေးကြီးတဲ့ Dos နှင့် Don’ts အချို့ ကိုသိချင်ပါတယ်။
ရုံးခန်းတစ်ခုမှာ လူကြီးလူကောင်းဆန်တဲ့သူတစ်ယောက်ဖြစ်စေဖို့ အရေးကြီးတဲ့ Dos နဲ့ Don’ts တွေကိုလေ့လာကြည့်ရအောင်။
The Dos (လုပ်ဆောင်ရမည့်အရာများ)
အဝတ်အစားကို လေးစားဖွယ်ဝတ်ဆင်ပါ - ဈေးကြီးလှပတဲ့ အဝတ်အစားဝတ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ နေ့တိုင်းသန့်ရှင်းသပ်ရပ် လူမြင်တင့်တင့်တယ်တယ် ဝတ်ဆင်ဖို့ဆိုလိုတာပါ။ ကြည့်လိုက်တာနဲ့ အဆင့်အတန်းရှိတဲ့အဝတ်အစား ဆင်ယင်မှုမျိုးဖြစ်နေသင့်ပါတယ်။

သွားတိုက်၊ ရေချိုးပြီးမှ အလုပ်ကိုသွားပါ - သင့်လုပ်ဖော်ကိုင်ဖက်တွေက အလုပ်နေရာ ကျဉ်းကျဉ်းလေးထဲမှာ သင်နဲ့အတူ ရှစ်နာရီနီးပါးလောက် နေရမှာပါ။သင့်နားမကပ်ချင်လောက်အောင် သင့်ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုက ဆိုးရွားနေလို့မဖြစ်ပါဘူး။ သင့်ကိုလုပ်ဖော်ကိုင်ဖက်တွေက ဆပ်ပြာ၊ ခံတွင်းရှင်းပီကေ ဒါတွေလက်ဆောင်ပေးလာ ပြီဆိုရင်တော့ အချက်ပြတာဖြစ်နိုင်တာမို့လို့ သတိထားပါ။
လုပ်ဖော်ကိုင်ဖက်နဲ့အဆင်ပြေအောင်နေပါ - လုပ်ဖော်ကိုင်ဖက်တွေက သူငယ်ချင်းတွေနဲ့မတူပါဘူး။ စိတ်အခန့်မသင့်မှုကြောင့် သူငယ်ချင်းကို ခဏရှောင်နေလို့ရကောင်းပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့တော့ မတွေ့ချင် မမြင်ချင်လို့မရပါဘူး။ နေ့တိုင်းနီးပါး၊ နှစ်ရှည်လပေါင်း အတော်များများတောင် တွေ့ချင်တွေ့နေရမှာပါ။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးကို အဆင်ပြေအောင်ကြိုးစားပါ။ ဆိုလိုတာ သူများရဲ့ပဂိုလ်ရေးရာကို တအားဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဘဲ သဘောထားချင်း မတူညီနိုင်ဘူးလို့တင်ရင် နိုင်ငံရေး၊ ဘာသာရေးအကြောင်းတွေကို ဆွေးနွေးတာမျိုးမလုပ်ပါနဲ့။
ကုမ္ပဏိရဲ့လျှို့ဝှက်ချက်ဟာ သင့်လျှို့ဝှက်ချက်ပါ - ဘယ်လောက်ပဲ သင့်ကုမ္ပဏီလျှို့ဝှက်ချက်ဟာ ပေါက်ကြားသွားရင်တောင် ကုမ္ပဏီကို ပြဿနာမဖြစ်စေဘူးဆိုပေမယ့် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကို သင့်လျှို့ဝှက်ချက်လို စောင့်ထိန်းရမှာ အခြေခံကျင့်ဝတ်တစ်ခုပါပဲ။
သင်သုံးလိုက်တဲ့ပစ္စည်းဟာ နောက်ဆုံးတစ်ခုဖြစ်နေရင် ပြန်အစားထိုးပေးပါ - မိတ္တူစာရွက်ကို သင်သုံးလိုက်တယ်၊ ဒါမှမဟုတ်ရုံးမှာထားပေးထားတဲ့ ရေနွေးအိုးထဲက နောက်ဆုံးလက်ကျန်ကို သုံးပစ်ပြီးပြီဆိုပါတော့။ ဒါဆိုရင် မိတ္တူစက်နားမှာစာရွက်သစ်တွေ ပြန်အစားထိုးပေးထားပြီး ရေနွေးအိုးကိုလည်း ပြန်ဖြည့်ထားပေးရမှာ ကျင့်ဝတ်တစ်ခုပါ။
သင့်လက်အောက်ငယ်သားတွေကို ကြင်ကြင်နာနာလေးနဲ့ဆက်ဆံပေးရမှာပါ - သူတို့တွေက ရုံးခန်းကို လည်ပတ်စေနေတာပါ။ ဘယ်လောက်ပဲ သင့်လက်အောက်ဖြစ်နေပါစေ တစ်ချိန်မှာအထက်ကို ရောက်သွားကြမယ့်သူတွေ အဖြစ်တန်ဖိုးထားရမှာပါ။
ရာထူးကြီးစဉ်ငယ်လိုက် ရိုသေမှုရှိပါ - ဘယ်သူရယ်မှ မျက်စီဆံပင်မွှေးဆူးခံရတဲ့သတွေ မဖြစ်ပါစေနဲ့ ဘယ်လောက်ပဲတော်တော် အထက်လူကြီးခွင့်ပြုချက်၊ ပြောစကားကိုလျစ်လျူမရှုလိုက်ပါနဲ့။
ဓါတ်လှေခါးနားရောက်လာတဲ့သူတိုင်းအတွက် တံခါးကိုစောင့်ထားပေးပါ - ဓါတ်လှေခါးထဲမှာရှိနေတုန်း တံခါးပြန်မပိတ်ခင်တခြားသူတွေ ရောက်လာတာကို မြင်လျှက်နဲ့ မသိချင်ယောင်ဆောင်အပေါ် တက်သွားလို့မဖြစ်ပါဘူး။
The Don’ts  (ရှောင်ရှားရမည့်အရာများ)
အစည်းဝေးခန်းထဲကို နောက်ကျမှရောက်လားခြင်း - သင့်ရဲ့နောက်ကျတဲ့ရောက်ရှိမှုဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့တစ်နေ့တာ အလုပ်ကိုနှောင့်နှေးမှု ဖြစ်စေနိုင်သလို သင့်ဂရုမထားတဲ့ အဓိပ္ပါယ်မျိုးလည်းသက်ရောက်စေနိုင်ပါတယ်။
သူများစားပွဲမှာ သွားပြီးလေပန်းမနေပါနဲ့ - ခဏလောက်လုပ်ဖော်ကိုင်ဖက် အချင်းချင်း နှုတ်ဆက်စကားပြောတာက ပြနာမဟုတ်ပေမယ့် တခြားအလုပ်တွေ ဆက်လုပ်ရမဲ့ သင့်လုပ်ဖော်ကိုင်ဖက်ရဲ့ အချိန်တွေကိုယူပစ်ပြီး သူ့ကိုစိတ်အနှောင့်အယှက် ဖြစ်စေတာမျိုး ရှောင်ကျဉ်ရမှာပါ။ အခြားသူတွေရဲ့မုန့်ကို မယူစားပစ်ပါနဲ့ - ဘာမှမဟုတ်လောက်ဘူး ထင်ရပေမယ့် အမှိုက်ကစ ပြသာဒ်မီးလောင်တက်တာကို သတိရပါ။ သီချင်း၊ ရေဒီယို၊ ဗွီဒီယိုဖိုင်တို့ကို နားကျပ်မတပ်ဘဲ ကြည့်ရှုနားထောင်တာမျိုး မလုပ်ပါနဲ့ - ဘယ်လောက်ပဲအလုပ်နှင့် သက်ဆိုင်တဲ့ကိစ္စဖြစ်ပါစေ တစ်ခြားသူတွေလည်း ကိုယ်စီအလုပ်ရှိကြသေးတယ် မဟုတ်လား။
အလုပ်နှင့်ပုဂိုလ်ရေးကိုခွဲခြားထားပါ - အလုပ်ကိုအလုပ်နှင့် တူအောင်လုပ်ပါ။ ဆိုလိုတာက ပုဂိုလ်ရေးရာတွင် အလုပ်ကိုလာရောက်စွက်ဖက်တာမျိုးကို ရှောင်ကျဉ်ဖို့ပါ။ သင့်ကလေးနေမကောင်းတာ ညကအိပ်ရေးပျက်တာတွေဟာ အလုပ်နောက်ကျရတဲ့ ဆင်ခြေမျိုး မဖြစ်နေဖို့လိုတာပါ။ ပြီးတော့ အလုပ်ချိန်အတွင်းမှာ တခြားပုဂိုလ်ရေးကိစ္စတွေ နဲ့နာရီတော်ပေါင်း အတော်များများ အချိန်ကုန်ပစ်တာ မျိုးရှောင်ရမှာပါ။
သင့်ရုံးခန်းဟောင်းကို ပြန်လည်ပတ်တာမျိုးမလုပ်ပါနဲ့ - စီးပွားရေးလောကက လူမှုရေးလောကနဲ့ ကွာခြားပါတယ်။ လူမှုရေးလောကမှာက တစ်စုံတစ်ယောက်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးမျိုးဖန်တီးပြီးတဲ့အခါ ဒီဆက်ဆံရေးကို အဆုံးထိ ထိန်းသိမ်းသွားဖို့မျှော်လင့်တက်ကြပါတယ်။ တခြားအလုပ်အသစ်ရပြီး ရုံးခန်းဟောင်းကို သွားရောက်လည်ပတ်တာ သင့်ကိုရော လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကိုပါ ဘယ်လိုဆက်ဆံရမလဲဆိုတာ မဝေခွဲနိုင်တဲ့ ခွတီးခွကျ အခြေအနေမျိုး ဖန်တီးပေးပါလိမ့်မယ်။

နိုဝင်ဘာလ၊ ၂၀၁၃ (CEO - စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂဇင်း )  စာမျက်နှာ (၃၀ - ၃၁) မှကူးယူဖော်ပြပါသည်။

No comments: