Wednesday, February 1, 2012

အကယ်ဒမီ ပွဲတက်ဝတ်စုံကို ဆန်းဆန်းလေး ဖြစ်ချင်တယ်ဟု သရုပ်ဆောင်ဖွေးဖွေး

ရန်ကုန်၊ ဇန်နဝါရီ  ၁၆
အကယ်ဒမီ ပွဲတက်ဝတ်စုံကို ဆန်းဆန်းလေး ဖြစ်ချင်တယ်ဟု သရုပ်ဆောင်ဖွေးဖွေးက ပြောသည်။ ဖွေးဖွေး အတွက် အကယ်ဒမီ ပွဲတက်ဝတ်စုံကို နတ်ပန်းချီ ပိုး ထည် တိုက်နှင့် ဒီဇိုင်နာ သက်နှင်းအေးတို့ ချုပ်ပေးမည်ဟု သိရသည်။


အကယ်ဒမီပွဲကို တစ်ယောက်တည်း သွားတာထက် စာရင် အဖွဲ့လိုက်သွားတာက ပိုပျော်စရာ   ကောင်းကြောင်း ဖွေးဖွေးက ဆိုသည်။ အကယ်ဒမီကို ကြိုပြောတာ၊ ကြို မျှော်လင့်တာကို သိပ်လုပ်ဖြစ်မှာ မဟုတ်ဘူး။ ဘာလို့ လဲဆိုတော့ ကိုယ်လည်း အများကြီး   မျှော်လင့် ပြီး တော့ ပျက်သွားခဲ့တာတွေလည်း အများကြီး ရှိတယ်။ မျှော်လင့်တိုင်း မဖြစ်တာ များတဲ့ အတွက်လက်ရှိအခြေအနေကိုပဲ အကောင်း ဆုံး ကြိုးစားသွားမယ်။ ကိုယ်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအရ ကိုယ့်ဘာ သာ စိတ်ပိုပြီးအေးချမ်းလာတယ်။ အဲဒီအတွက် ကြိုပြီးမလုပ်ဖို့ ဆုံး ဖြတ်လိုက်တာ။ အနုပညာအလုပ် မှာဆန္ဒတစ်ခု ပဲရှိတယ်။ ပရိသတ် တွေက နာမည်နဲ့တွဲပြီး မှတ်မိသွား မယ့် ဇာတ်လမ်းကောင်းလေးတွေ ပုံမှန် ရိုက်သွားချင်တယ်။ ပုံမှန်တော့ ကြိုးစား နေမှာပါ” ဟု ၄င်းက ဆိုသည်။
ဖွေးဖွေးက ဒီဗီဒီဇာတ်ကား တစ်ကား ရိုက်ကူးဖို့ ရှိပြီး ကိုယ့် ဘာသာကိုယ် နတ်သမီးလို့ထင်ပြီး ယဉ်ယဉ်လေး ရူးနေသူတစ်ယောက် အဖြစ် သရုပ်ဆောင်ရမယ်ဟု ပြော သည်။   ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအထိ ဇာတ်ကားဆက်တိုက် ရိုက်ကူးဖို့ ရှိကြောင်း ဖွေးဖွေးက ပြောသည်။
မေမွန်မောင်
ပေါ်ပျူလာဂျာနယ်

No comments: