Thursday, September 25, 2014

အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်


 


အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်
စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။
၁။ ပိုမို ပျော်ရွှင်စေမှာလား
ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။

Sunday, August 3, 2014

အီဘိုလာ ပိုးကူးဆက်ခံရသူများ၏ ဖြစ်ပေါ်နေမည့် လက်ခဏာများ။

 

အီဘိုလာ ကူးဆက်ဗိုင်းရစ်ရောဂါဟာ တစ်နေ့တစ်ခြား ဆိုးဝိုးနေပါတယ်။
ရောဂါဖြစ်ပွားတဲ့နိုင်ငံနဲ့ ခရီးသည်တင်လေယာဉ် အများအများဆုံးဆိုက်ရောက်တဲ့ နိုင်ငံတွေမှာ ထိုရောဂါ လိုက်ပါကူးစက်လာနိုင်တဲ့ ရာခိုင်နှုံးများနေပါတယ်။

လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်



၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

Thursday, July 31, 2014

ကျောက်ကပ်ကျန်းမာရေးအတွက် စားသင့်တာတွေ

 
အစားအသောက်ရှောင်ရ တဲ့ ကျောက်ကပ်ဝေဒနာရှင်တွေ စားသင့်တဲ့စူပါအစားအစာတွေ အကြောင်း မျှဝေချင်ပါတယ်။ ဒီအစားအစာတွေက လူတိုင်း အတွက် အကျိုးပြုတာကြောင့် မိသားစုတိုင်း ကျန်းမာစွာ စားနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။
အနီရောင်ငရုတ်ပွသီး
ဗီတာမင်အေ၊ စီ၊ ဘီ၊ သံ ဓာတ်၊ အမျှင်ဓာတ်ပါဝင်ပြီး ကင် ဆာရောဂါကာကွယ်နိုင်တဲ့အာနိ သင်ပါရှိပါတယ်။
ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်
ဗီတာမင်အေ၊ စီ၊ ဘီ၊ အမျှင်ဓာတ်၊ သံဓာတ်တွေပါဝင် ပြီး ကျောက်ကပ်သမားတွေရဲ့ နေ့စဉ်စား စာရင်းထဲထည့်ထားရ မှာပါ။ ဂေါ်ဖီပန်းပွင့်မှာပါတဲ့ဒြပ် ပေါင်းက အသည်းအတွက်လည်း ကောင်းကျိုးပြုပါတယ်။

Tuesday, July 29, 2014

ဖုန်းနံပါတ် သုံးခု အား တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှုအား ရက်ပေါင်း ၃၀အတွင်း ခေါ်ဆိုအသုံးပြုနိုင်ပြီ

 
ဖုန်းနံပါတ် သုံးခု အား တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှုအား ရက်ပေါင်း ၃၀အတွင်း ခေါ်ဆိုအသုံးပြုနိုင်ပြီ
===========================================
မိုဘိုင်းဖုန်းသုံးစွဲသူများ အတွက် Friends and Family Service ဝန်ဆောင်မှု Promotion အစီအစဉ် အဖြစ် ယနေ့မှစတင်ပြီး မိမိတို့၏ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တို့၏ မိုဘိုင်းဖုန်းများကို တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်ခေါ်ဆိုနိုင်ပြီဖြစ်သည်။
အဆိုပါ ဝန်ဆောင်မှုအား နိုင်ငံပိုင်သတင်းစာများတွင်အောက်ပါအတိုင်းကြေညာထားသည်။
ယနေ့မှစ၍ သြဂုတ် (၃၁) ရက်နေ့အထိ Friends and Family Service ဝန်ဆောင်မှု Promotion အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြိုတင်ငွေဖြည့်ကဒ်သုံး GSM/WCDMA ဖုန်းသုံးစွဲသူများမှ ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ပါသည်။ ယခုအစီအစဉ်တွင် ပါဝင်လိုသူသည် 1331 သို့ message ပေးပို့ရန်သာလိုအပ်ပါသည်။