Saturday, February 16, 2013

သက်တော် (၂၇-၂၈) နှစ်တွသ် ပိဋက သုံးပုံအာဂုံရေးဖြေ နှစ်ထွေအောင်မြင်တော်မူသဖြင့် သက်တော် အငယ်ဆုံး တိပိဋကဓရဖြစ်သလို သက်တော်အငယ်ဆုံးခန္ဓာဝန်ချတော်မူသည့် စတုတ္တတိပိဋကဓရ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ ။






 သက်တော် (၂၇-၂၈) နှစ်တွသ် ပိဋက သုံးပုံအာဂုံရေးဖြေ နှစ်ထွေအောင်မြင်တော်မူသဖြင့် သက်တော် အငယ်ဆုံး တိပိဋကဓရဖြစ်သလို သက်တော်အငယ်ဆုံးခန္ဓာဝန်ချတော်မူသည့် စတုတ္တတိပိဋကဓရ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ ။ ထူးဆန်းအံ့ဖွယ်ရာများမှာ တိပိဋက သုံးပုံလုံးကို သက်တော် ၂၈ နှစ်မှာပင် ပြီးစီးအောင်မြင်တော်မူသည်။ သက်တော်အငယ်ဆုံး တိပိဋကဓရ၊ သက်တော်အငယ်ဆုံး အဂ္ဂမဟာပဏ္ဍိတဘွဲ့ ရရှိခဲ့သော ဆရာတော်ဖြစ်သည် ။အရှင်သုမင်္ဂလာလင်္ကာရ သည် မဟာဝိသုဒ္ဒါရုံ ရွှေကျင်တိုက်သစ်၌ သီတင်းသုံး နေထိုင်တော်မူဧ။် ။ထိုစဉ်မှာပင် ဝိနည်းငါးကျမ်း ပါဠိတော်ကြီးများကို စတင်ကျက်မှတ်သည်ဟု ဆိုပါသည်။ ကျက်ညဏ်ကောင်း၊ မှတ်ညဏ်ကောင်းသဖြင့် အရှင်သုမင်္ဂလာလင်္ကာရသည် ဆဋ္ဌမူ ငါဠီတော်စာမျက်နှာ (၂၀) ခန့်ကို (၅) နာရီမျှဖြင့် ရအောင်ကျက်မှတ်နိုင်ခဲ့သည် ဟု အံ့ဖွယ်သိရှိရပါသည်။ ရပြီးသားစာမျက်နှာများကိုလည်း နေ့စဉ်ပြန်ဆိုတော်မူကြောင်း သိရသည်။

 (၁၉၆၈) ခုနှစ် ၊(၂၁) ကြီမ်မြောက် တိပိဋကဓရ စာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုခဲ့ပါသည်။ အာဂုံရေးဖြေ နှစ်ထွေစလုံးအောင်မြင်တော်မူခဲ့ပါသည်။ ထို့ကြောင့် ဝိနယဓရ ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော် အပါအဝင် ပိဋကတစ်ပုံအောင် ပုဂ္ဂိုလ်၏ အဆောင်အယောင် များကို ရရှိတော်မူခဲ့ပါသည်။ သည်လိုနှင့်ပင် ပိဋကတစ်ပုံဆောင် ရဟန်းထူး ဖြစ်လာပါသည်။(၁၉၇၁) ခုနှစ် ၊(၂၄) ကြိမ်မြောက် စာမေးပွဲတွင် အာဂုံပြန်ရော ၊သဘောရေးဖြေပါ နှဏ်ထွေစလုံး အောင်မြင်တော်မူ ပြန်၏။ "အဘိဓမ္မကောဝိဒ" ဘွဲ့တံဆိပ်တော် နှင့်တကွ ပိဋကနှစ်ပုံအောင် ပုဂ္ဂိုလ်၏ အဆောင်အယောင်များ ကိုရရှိတော်မူပြန်၏ ။(၁၉၇၃) ခုနှစ်၊ (၂၆) ကြီမ်မြောက်စာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုခဲ့ပြန်၏ ။ သုတ္တန်ပိဋက ဒီဃနိကာယ် (၃)ကျမ်းကို အာဂုံပြန်ရော သဘောရေးဖြေပါ အောင်မြင်တော်မူ ခဲ့ပြန်၏။ ဒီဃဘာဏက ဒီဃနိကာယ ကောဝိဒ ဘွဲ့တော်ကို ရရှိခဲ့ပြန်၏ ။ဤသို့ဖြင့် သာသနာ့သမိုင်းဝင်၊ ဂန္တဝင်မြောက် တိပိဋကဓရ သာသနာ့အာဇာနည် သူရဲကောင်း စာရင်းဝင် ဖြစ်တော်မူခဲ့ ၏။ ဤသို့ဖြစ် အရှင်သုမင်္ဂလာလင်္ကာရသည် သင်ရိုးတိပိဋက သုံးပုံကို အာဂုံရော၊ သဘောရေးဖြေပါ အောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် လက်မှတ်တော်လည်းလက်ခံ ရရှိတော်မူခဲ့၏။ အရိုးဝါ ကနက္ကဒဏ် ထီးဖြူသုံးလက် တံဆိပ်ပါရှိသော သာသာနာ့အောင်လံတော်လည်းလက်ခံရရှိတော်မူ၏။ ရန်ကုန်တိပိဋက ဆရာတ်ေသည် တိပိဋကဘွှဲ့တော် ရရှိချိန်တွင် သက်တော် (၂၈) နှစ်သာရှိသေး၏။ လူ့ဘဝတွင် အသက် (၂၀)ကျော်၊(၃၀) မရောက်သေးခင် ကာလများတွင် အချို့ကဆိုးကောင်းတုန်း ၊မိုက်ကောင်းတုန်း ရှိသေး၏။ ရှေးဘုန်း၊ရှေးကံ။ ပါရမီထူးပါသော ပုဂ္ဂိုလ်တို့ကား အသက် (၃၀) မပြည့်ခင်မှာပင် စိတ်ကူး၍ပင်မရနိုင်သော ဘုရားဟော တိပိဋကသုံးပုံကြီးကို အာဂုံရေးဖြေအောင်မြင်တော်မူသည် ဆိုသည်မှာ စဉ်းစားကြည့်လေလေ အံ့ဖွယ်ဖြစ်လေလေ ဖြစ်ပါသည်။ရန်ကုန်တိပိဋကဓရ ဆရာတော်ကား အသက် (၂၈) နှစ်မှာတိပိဋက ဘွဲ့တော်ရသည်ဆိုသဖြင့် မျက်မြင်ကိုတွေ့ဖြစ်သောကြောင့် သာ ယုံရခြင်းဖြစ်သည်။ စိက်ကူးကြည့်လျှင်ကား ယုံနိုင်စရာ မရှိချေ။ သာသနာ့အလင်းရောင် ဂျာနယ်မှကူးယူဖော်ပြပါသည်။

No comments: