Sunday, January 8, 2012

ရှေးဟောင်းလှေတော်နှစ်စင်း အပါအ၀င် လှေတော်သုံးစင်းအား နေပြည်တော်ရေပန်းဥယျာဉ်၌ ပြသ






ဓါတ်ပုံ – Eleven Media Group





၂၀၁၁ ခုနှစ်အတွင်းက နေပြည်တော် ပျဉ်းမနားခရိုင်အတွင်းမှ တူးဖော်တွေ့ရှိခဲ့သည့် သင်္ကန်းနက် ၊ ကျွန်းသစ်ဖြင့် ထွင်းထားသည့် ရှေးဟောင်းလှေတော် နှစ်စင်းအပါအ၀င် စုစုပေါင်း လှေတော်သုံးစင်းအား နေပြည်တော် ရေပန်းဥယျာဉ်တွင် ပြသထားရှိထားကြောင်း သိရသည်။


လှေတော် အလျား ၆၀ ပေ၊ ၉ လက်မ၊အနံ ၃ပေ၂လက်မ၊ လှေတော် လုံးပတ် ၉ ပေ၊ ၉ လက်မရှိ သင်္ကန်းနက်ဖြင့် ထွင်းထားသည့် ရှေးဟောင်း လှေတော်ကို ၂၀၁၁ ခုနှစ်အတွင်းက လယ်ဝေးမြို့နယ် ဆည်ကြီးကျေးရွာအနီး ပုလွေးချောင်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၁ ခုနှစ် နိုဝင်ဘာ လ ၂၄ ရက်နေ့က နောက်ဆုံးတေရှိခဲ့သည့် ကျွန်းသစ်အမျိုးအစား လှေ တော်မှာအလျား ၄၀ ပေ၊ ၁၀ လက်မ၊ အနံ ၁ ပေ ၁၀ လက်မ၊ လှေလုံးပတ် ၅ပေ၁၀လက်မရှိပြီး ဇမ္ဗူသီရိမြို့နယ်၊ ကျောက်စောင်းအိုင်၊ရွာဟောင်းအနီး (ငလိုက်ချောင်းအတွင်း) တွေ့ရှိခဲ့ကြောင်း သိရသည်။
နေပြည်တော် လွှတ်တော်အဆောက်အအုံအနီး ငလိုက်ချောင်းနှင့် ချောင်းမကြီးချောင်းဆုံရာ မြေပုံအညွှန်း ဗွီ ၅၄၂၉၈၈၌ ၂၀၀၇ ခုနှစ် မေ လ ၂ ရက်နေ့၌ ပထမဆုံး တူးဖော်ရရှိခဲ့သည့် သင်္ကန်းနက်လှေတော်မှာ အလျား ၄၃ ပေ၊ အ နံ ၂ ပေ၆လက်မ၊ လုံးပတ်၁၀ပေရှိကြောင်း သိရသည်။
၂၀၀၇ ခုနှစ်မေလက တွေ့ရှိခဲ့သော သင်္ကန်းနက်လှေတော်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ကျော်က ပုဂံမင်းလက်ထက် ပျဉ်းမနားဒေသ၌ စံမြန်းစဉ် အသုံးပြုခဲ့သော လှေတော်ဖြစ်ကြောင်း သမိုင်းအထောက်အထားများ အရ သိရသည်

No comments: