Monday, July 16, 2012

Angry Birds Trilogy ကို PS3, 360 နှင့် 3DS အတွက် ဖြန့်ချိမည်

Photo


By Internet Journal 16 July, 2012 - 14:22
ယခင်က Angry Birds HD ဟု ခေါ်တွင်ထားသည့် Angry Birds  Trilogy ကို  Activision နှင့် Rovio တို့မှ 
လာမည့် အားလပ်ရက် ရာသီတွင် ဖြန့်ချိမည်ဟု သိရသည်။ အဆိုပါ Angry Birds Trilogy သည် မူလ Angry Birds, Angry Birds Seasons နှင့် Angry Birds Rio  တို့အား dics  တစ်ချပ်တည်း တွင် ပေါင်းစုထားခြင်းဖြစ်ပြီး ၎င်းကို Kinect, Move နှင့် Streetpass feature များဖြင့် ကစားနိုင်မည်ဖြစ်သည်။ အဆိုပါဂိမ်း၌ ရုပ်ရှင်နှင့် ပတ်သက်သည့် feature များနှင့် အခြားသော ဖျော်ဖြေရေးဆိုင်ရာ content များ ပါဝင်ကြောင်း Rovio ၏ ဂိမ်းဌာနမှ ဒုတိယအမှုဆောင် ဥက္ကဋ္ဌဖြစ်သူ Petri Jar-vileho က IGN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့အပြင် ဂိမ်း၏ နောက်ခံမြင်ကွင်းကို လှုပ်ရှားပုံရိပ်များဖြင့် ပြုလုပ်ထားကြောင်း၊ ဂိမ်းစက်များနှင့် ကစားသူများ အနေဖြင့် ကောင်းမွန်သည့် ဂိမ်းကစားခြင်း အတွေ့အကြုံကို ရရှိစေမည်ဟု ယုံကြည်ကြောင်း Petri က ပြောကြားခဲ့သည်။

နောင်နောင်
Ref: Computer And Video
Games

No comments: