Monday, October 8, 2012

Network ရဲ့အခြေခံကျတဲ့ elements တွေသိပြီး ပြီးဆိုရင် Network catagories တွေထဲက Local Area Network (LAN) တစ်ခုရဲ့ design ကိုဘယ်လို configure လုပ်ရမလဲဆိုတဲ့အချက်တွေ






Network ရဲ့အခြေခံကျတဲ့ elements တွေသိပြီး ပြီးဆိုရင် Network catagories တွေထဲက Local Area Network (LAN) တစ်ခုရဲ့ design ကိုဘယ်လို configure လုပ်ရမလဲဆိုတဲ့အချက်တွေကို ကြည့်ကြ ရအောင်။ LAN ရဲ့ configurations အနေနဲ့ဘယ် transmission method ကိုသုံးမလဲ LAN ထဲက connection equipment တွေကိုရွေးချယ်မှုတွေ၊ server/client ရွေးချယ်မှုတွေ၊ ဒီ system ကြီးတစ်ခု လုံးရဲ့ Performance တွေကိုစဉ်းစားရပါ တယ်။ပြီးရင်တော့ IP address တွေကို design လုပ်ပါ မယ်
။ေ နာက်ဆုံးကတော့ cable design ချတာပဲဖြစ်ပါ တယ်။
LAN ရဲ့ Scope ကို small scale LAN, medium scale LAN နဲ့ Large scale LAN ဆိုပြီး ၃မျိုးခွဲပါတယ်။

-Small scale LAN မှာ workstation/client က ၁၀လုံးအထိ ပါပါတယ်။
-Medium scale မှာတော့ စက်အလုံးပေါင်း ၃၀ကနေ ၅၀ အထိပါဝင်ပါတယ်။
-Large scale မှာ computer တွေက ရာပေါင်းများစွာပါ ၀င်ပါတယ်။

 LAN ရဲ့ perfoormance ကိုတော့ ဒီ network ပေါ် မှာရှိတဲ့ end system တွေဆီကို transimission time ဘယ် လောက်မြန်မြန်ရောက်နိုင်မလဲဆိုတဲ့အချက်နဲ့ client တွေ က server ကို frequently access လုပ်တဲ့အချက်တွေကို တိုင်းပါတယ်။

LAN မှာ ယုံကြည်စိတ်ချရမှု reliability စံသတ် မှတ်မှုလဲ ရှိပါတယ်။ သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခု အတွင်းမှာ service အရေအတွက်ဘယ်လောက်ရပ်သွား သလဲ၊ error ဖြစ်သွားရတဲ့ job တစ်ခုပြန်ပြီး recover ဖြစ် အောင် ယူရတဲ့အချိန်နဲ့ job တစ်ခုစီအတွက် priority ပေး ရတာတွေနဲ့ စံသတ်မှတ်ထားပါ တယ်။ ဒီလို priority ပေး ထားတဲ့ job တွေမှာ security standard လည်း ရှိပါတယ်။ ဥပမာဆိုရင် priority 1 ဆိုရင် job ကို access လုပ်တာကို password နဲ့ ထိန်းထားတာ၊ priority 2 ဆိုရင် access ရဲ့ authority ကို စဆောက်တာ၊ priority 3 က free access ဖြစ်ပါတယ်။


LAN ရဲ့ configuration ကို စလေ့လာမယ်ဆိုရင်

- CSMA/CD (IEEE 802.3) Method.
- token ring method နဲ့
- တခြား method တချို့ရှိပါတယ်။

CSMA/CD (Collision Sense Multiple Access/ Collision Dectection) ဆိုတာ baseband method ဖြစ်ပါ တယ်။ transmission channel တစ်ခုပေါ်မှာ signal တစ်ခု ပဲပို့နိုင်ပါတယ်။ transmission control လိုအပ်ပြီး signal ကို ပို့ပေးနေတဲ့ carrier ကို detetion နဲ့ retransmition လုပ်ပေးပါတယ်။ transmission speed က 10 Mbps,100 Mbps, 1Gbps ဖြစ်ပါတယ်။ 10 BASES ethernet အတွက် coaxial cable နဲ့ 10BASE-T ethernet အတွက် UTP cable ကို သုံးပါတယ်။

Taken ring method ဆိုတာ IEEE 802.5 Standard ရှိပြီး transmission channel တစ်ခုပေါ်မှာ signal တစ်ခုပဲပို့နိုင်တဲ့ baseband method ဖြစ်ပါတယ်။ data ကို tranamit လုပ်ဖို့ token ကို control အဖြစ် သုံးထားပါ တယ်။ transmission speed က 4 Mbps နဲ့ 16 Mbps ဖြစ် ပါတယ်။ STP cable ကိုသုံးပါ တယ်။
တခြား method တွေက UTP Four pair cable ကိုသုံးထားပြီးဘယ် LAN မှာမဆို သုံးနိုင်တဲ့ 100VG method၊ packet တွေ collision ဖြစ်တာကိုလျော့ချပေးနိုင် ပြီး recovery လုပ်ပေးနိုင်တဲ့ Demand Priority Access method နဲ့ optical fibre cable ကိုသုံးထားတဲ့ FDDI method တွေဖြစ်ပါတယ်။

LAN မှာ သုံးမယ့် connection equipment တွေမှာ

- Physical layer မှာအလုပ်လုပ်တဲ့ repeaters (HUB)
- data link layer မှာအလုပ်လုပ်တဲ့ bridges
- network layer မှာအလုပ်လုပ်တဲ့ routers
- bridge နဲ့ hub ရဲ့ function နဲ့အလုပ်လုပ်တဲ့ LAN Switches တွေပါဝင်ပါတယ်။

LAN network မှာသုံးမယ့် segment အရေအ တွက်ကလည်း ကန့်သတ်ချက်ရှိပါတယ်။ segment ဆို တာ network component ရဲ့ unit တစ်ခုဖြစ်ပြီး coaxial segment နဲ့ link segment ဆိုပြီးနှစ်မျိုးရှိပါတယ်။ သုံးခုထက်ပိုတဲ့ cndsystem ဒါမှမဟုတ် repeater ရှိတဲ့ connection ကို coaxial segment လို့ခေါ်ပါတယ်။

 R : Repeater (Hub)

UTP cable ပေါ်မှာ repeater နှစ်ခု connection ရှိနေရင် Twisted pair cable ပေါ်မှာ HUB နဲ့ endsystem connection ရှိနေရင် ဒါကို link segment လို့ခေါ်ပါတယ်။

link segment အရေအတွက်နဲ့ coaxial segment အရေ အတွက် စုစုပေါင်းက 5ခုထက်မကျော်ရပါဘူး။ Coaxial segment အရေအတွက်က 3 ခုထက်မကျော်ရပါဘူး။ ဒီ formula ကိုသုံးပြီး LAN network မှာ segment တွက်ရပါ တယ်

နောက်တစ်ခုက ဒီ network မှာသုံးမယ့် server တွေ client တွေကိုရွေးရပါမယ်။ Server ကို ပေးနိုင်တဲ့ service function တွေအရရွေးနိုင်ပါတယ်။ ဥပမာအနေနဲ့ ဆိုရင်ဒီ server ကို File/Printer share အတွက်သုံးမှာ လား။ Electric mail အတွက် သုံးမှာလားဆိုပြီးစဉ်းစားပါ တယ်။ Client machine ကို (i) CPU, memory နဲ့ hard clisk ရဲ့ Volume ကိုကောင်းကောင်းသုံးဖို့လိုမယ့် Baseline (ii) Space area ကို သိမ်းဖို့လိုမယ့် occupying space နဲ့ (iii) CD-Rom က Supply လုပ်မယ့် program တွေ install လုပ်လို့ရမယ့် expandability ဆိုပြီးသုံးမျိုးရှိပါတယ်။

Cilent နဲ့ Server ကို configure လုပ်တော့မယ်ဆို ရင် (i) client တွေက server တစ်လုံးထဲကိုပဲ seguest တွေတောင်းနေရင် centralized configuration လို့ခေါ်ပါ တယ်။ ဒီ server ကလည်း performance မြင့်ရပါမယ်။

(ii) server ရဲ့ load ကိုခွဲဝေပြီး လုပ်တဲ့ distributed cofi-guration မှာ server အလုံးရေတိုးလာပါတယ်။ ဒါပေမယ့် LAN မှာရှိတဲ့ load ကတော့မပြောင်းလဲပါဘူး။
(iii) LAN ရဲ့ load ကိုလျော့ချဖို့ကတော့ segment တစ်ခုစီ အတွက်သီးခြား server ထားရပါမယ်။ ဒီ serverm high performance ဖြစ်ရပါမယ်။ဒါကို LAN Distribution Cofiguration လို့ခေါ်ပါတယ်။

System ရဲ့ performance ကို clients တွေ server တွေသုံးထားတဲ့ application programs တွေအပြင် network transmission channel နဲ့လည်းတိုင်းတာပါတယ်။

(1) Application Program ကို disk ကနေ inputloutput လုပ်တဲ့အချိန်
(2) Application Program execufe လုပ်တဲ့အချိန်
(3) TCP/IP,LAN Manager နဲ့ Netware တွေရဲ့execution time.
(4) LAN adapter နဲ့ CPU ကြားက transmission လုပ်တဲ့အချိန်
(5) transmission လုပ်တဲ့ method နဲ့ time, packettransmission time တွေပါဝင်ပါတယ်။

နောက်တစ်ချက်ကတော့ IP address တွေကို design ချဖို့ပါ။ Address နှစ်မျိုးရှိပါတယ်။ MAC address နဲ့ IP address တို့ဖြစ်ပါတယ်။MAC address မှာ global address နဲ့ local address ဆိုပြီးနှစ်မျိုး ရှိပါတယ်။ OSI ရဲ့ Data link layer မှာ အလုပ်လုပ်တဲ့ MAC address က 48 bit ရှိပါတယ်။

(1) Global address.
IEEE က control လုပ်ထားတဲ့ global address က unique ဖြစ်ပါတယ်။

(2) Local address
User ကသတ်မှတ်ထားတဲ့ id ဖြစ်လို့ network ထဲမှာ ip duplicate မဖြစ်အောင်သတိထားရပါမယ်။IP Address မှာ class 5မျိုးရှိပါတယ်။ ဒါပေမယ့် class A,B,C သုံးမျိုးကိုပဲ သုံးပါတယ်။ ကျန်တဲ့ class D နဲ့ E က reserved ထားထား တာပါ။ လက်ရှိသုံးနေတဲ့ ipv 4မှာ ip address သတ်မှတ်ဖို့ 32 bit ထားပါတယ်။ဒီ 32 bit မှာ network ID နဲ့ hast ID ပါဝင်ပါတယ်။ ip address သတ်မှတ်တာက network size ပေါ်မူ တည်ပါတယ်။

Class A က large scale network ဖြစ်ပြီး end system စုစုပေါင်း 65535 ထက်ပိုသုံးလို့ရပါတယ်။
Class B က medium scale network ဖြစ်ပါတယ်။ endsystem က 254 အထိပဲသုံးလို့ရပေမယ့် network အရေအတွက်က 2097152 ရပါတယ်။
Private address ဆိုတာက global address ဆိုတာက global address ဖြစ်ပြီး LAN မှာသုံးဖို့ reserved လုပ်ထားတာပါ။

 Class A အတွက် 10.0.0 ~ 10.255.255.255
Class B အတွက် 172.16.0.0 ~ 172.31.255.255
Class C အတွက် 192.168.0.0 ~ 192.168.255.255
Cable design ကို network မှာ error ဖြစ်ခဲ့ရင် ရှာဖွေရလွယ်အောင် neat and straight ချရပါမယ်။ Security နဲ့ performance ကောင်းဖို့ sub-networking လုပ်နိုင်ပါရမယ်။ connection လုပ်ရတာ လွယ်ကူအောင်နဲ့ error တွေကို management လုပ်ရအောင် color cable တွေကို သုံးသင့်ပါတယ်။ UTP cableနဲ့ Power cable ကြား မှာသင့် တော်တဲ့အကွာအဝေးထားခြင်းကလည်း cable မှာ noise မ၀င်အောင် တားဆီရာ ရောက်ပါတယ်။ network ကို စိတ်ချနေချင်ရင်တော့ cable တွေကို duplicate လုပ်ထားရပါမယ်။ HUB ကို port များများယူထားခြင်း ကလည်း maintenace လုပ်ရာမှာ အဆင်ပြေစေပါ တယ်။ နောင်တ ချိန်မှာ ဒီ network ကို expand လုပ်ဖို့ကိုလည်း စဉ်းစားပြီး cable ကို design ချထားရ ပါမယ်။ cable expand လုပ်ဖို့ လည်း economy ကို စဉ်းစားရပါမယ်။

အခုပြောပြခဲ့တာတွေက LAN design ချရင် လိုအပ် မယ့်အချက်တွေပဲ ဖြစ်ပါတယ်။

ဘကြီးသက်

No comments: