ရန်ကုန်၊ ဖေဖော်ဝါရီလ ၁ ရက် ။ ။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်တို့
ပူးပေါင်း ဝန်ဆောင်မှုပေးမယ့် အင်တာနက်သုံး ဖုန်းခေါ်ဆိုမှု Ytalk Calling
စနစ်ကို အခုလ ၇ ရက်က စတင်ပြီး အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ သိရတယ်။
အဲဒီ Ytalk Calling စနစ်နဲ့ နိုင်ငံတကာမှာရှိတဲ့ မည်သည့်ဖုန်း
အမျိုးအစားကိုမဆို ချိတ်ဆက် ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ပြည်တွင်း
ဖုန်းတွေကိုတော့ ချိတ်ဆက် ခေါ်ဆိုလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အဲ့ဒါအပြင် အများပြည်သူသုံး အင်တာနက်ဆိုင်တွေမှာသာ အသုံးပြုနိုင်မှာလည်း
ဖြစ်ပါတယ်။
“ကျွန်တော်တို့ အနေနဲ့ Soft Phone နံပါတ် (ID) နဲ့
တွဲဖက်အသုံးပြုရမယ့် Soft Phone Software ကို အများပြည်သူသုံး
အင်တာနက်ဆိုင်တွေမှာ ထည့်ထားပေးမှာပါ။ ကိုယ်ပိုင်အနေနဲ့ သုံးဖို့အတွက်တော့
အဲဒီ Soft Phone Software ကို လောလောဆယ် ပေးမသုံးသေးဘူး။ နောက်ပြီး
အာမခံနိုင်တာကတော့ အင်တာနက်လိုင်း သိပ်နှေးနေရင်တောင် Ytalk ကို
အသုံးပြုလို့ရတယ်။ ပြည်တွင်းကနေ တိုက်ရိုက်သွားတာဖြစ်လို့
အသံကြည်လင်မှုကလည်း ကောင်းပါတယ်” လို့ ရတနာပုံ ဝဘ်ပေါ်တယ်မှ တာဝန်ရှိသူ
တစ်ဦးက ပြောပါတယ်။
Ytalk Calling စနစ်ကို စတင် အသုံးပြုမယ့်သူတွေ
အနေနဲ့ Soft Phone နံပါတ် (ID) တစ်ခု လိုအပ်ပြီး အဲဒီ Soft Phone နံပါတ်
(ID) အတွက် VoIP account card ကို ကျပ်ငွေ တစ်သောင်းနဲ့ ဝယ်ယူနိုင်တယ်လို့
သိရတယ်။ Soft Phone နံပါတ် (ID) နဲ့ အတူ အသုံးပြုနိုင်ဖို့အတွက်
ငွေဖြည့်ကဒ် (Recharge via Voucher Card ) လည်း ဝယ်ယူထားရမှာ ဖြစ်ပါတယ်။
ငွေဖြည့်ကဒ် (Recharge via Voucher Card) ကိုတော့ 10 FEC, 30 FEC, 50 FEC
ဆိုပြီး ဈေးနှုန်းသုံးမျိုးနဲ့ ရောင်းချပေးသွားမယ်လို့ ဆိုတယ်။ ဝဘ်လိပ်စာ
http://voip.yatanarpon.com.mm/
မှာ ငွေကျပ် တစ်သောင်းနဲ့ ဝယ်ယူထားတဲ့ VoIP account card ပါ Soft Phone
နံပါတ် (ID) နဲ့ Password အတိုင်းဝင်၊ Activate လုပ်ပြီး၊ မိမိဝယ်ယူထားတဲ့
ငွေဖြည့်ကဒ် (Recharge via Voucher Card) နဲ့ ငွေဖြည့်သွင်း အသုံးပြုရမှာ
ဖြစ်တယ်လို့ သိရတယ်။ မိမိခေါ်ဆိုတဲ့ နိုင်ငံအလိုက် ငွေဖြည့်ကဒ် (Recharge
via Voucher Card) ထဲကနေ တစ်မိနစ်ကို 0.15 FEC ၊ 0.35 FEC နှုန်းနဲ့
ငွေနှုတ်ယူသွားမယ်လို့ ဆိုတယ်။ အဲဒီ VoIP account card နဲ့ Recharge via
Voucher Card တွေကို အများပြည်သူသုံး အင်တာနက်ဆိုင်တွေနဲ့ City Mart
ဆိုင်တွေမှာ ဝယ်ယူ ရရှိနိုင်တယ်လို့ သိရပါတယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်း ဝန်ဆောင်မှုပေးမယ့် အင်တာနက်သုံး ဖုန်းခေါ်ဆိုမှု Ytalk Calling စနစ်ကို အခုလ ၇ ရက်က စတင်ပြီး အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ သိရတယ်။ အဲဒီ Ytalk Calling စနစ်နဲ့ နိုင်ငံတကာမှာရှိတဲ့ မည်သည့်ဖုန်း အမျိုးအစားကိုမဆို ချိတ်ဆက် ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ပြည်တွင်း ဖုန်းတွေကိုတော့ ချိတ်ဆက် ခေါ်ဆိုလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲ့ဒါအပြင် အများပြည်သူသုံး အင်တာနက်ဆိုင်တွေမှာသာ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
“ကျွန်တော်တို့ အနေနဲ့ Soft Phone နံပါတ် (ID) နဲ့ တွဲဖက်အသုံးပြုရမယ့် Soft Phone Software ကို အများပြည်သူသုံး အင်တာနက်ဆိုင်တွေမှာ ထည့်ထားပေးမှာပါ။ ကိုယ်ပိုင်အနေနဲ့ သုံးဖို့အတွက်တော့ အဲဒီ Soft Phone Software ကို လောလောဆယ် ပေးမသုံးသေးဘူး။ နောက်ပြီး အာမခံနိုင်တာကတော့ အင်တာနက်လိုင်း သိပ်နှေးနေရင်တောင် Ytalk ကို အသုံးပြုလို့ရတယ်။ ပြည်တွင်းကနေ တိုက်ရိုက်သွားတာဖြစ်လို့ အသံကြည်လင်မှုကလည်း ကောင်းပါတယ်” လို့ ရတနာပုံ ဝဘ်ပေါ်တယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
Ytalk Calling စနစ်ကို စတင် အသုံးပြုမယ့်သူတွေ အနေနဲ့ Soft Phone နံပါတ် (ID) တစ်ခု လိုအပ်ပြီး အဲဒီ Soft Phone နံပါတ် (ID) အတွက် VoIP account card ကို ကျပ်ငွေ တစ်သောင်းနဲ့ ဝယ်ယူနိုင်တယ်လို့ သိရတယ်။ Soft Phone နံပါတ် (ID) နဲ့ အတူ အသုံးပြုနိုင်ဖို့အတွက် ငွေဖြည့်ကဒ် (Recharge via Voucher Card ) လည်း ဝယ်ယူထားရမှာ ဖြစ်ပါတယ်။ ငွေဖြည့်ကဒ် (Recharge via Voucher Card) ကိုတော့ 10 FEC, 30 FEC, 50 FEC ဆိုပြီး ဈေးနှုန်းသုံးမျိုးနဲ့ ရောင်းချပေးသွားမယ်လို့ ဆိုတယ်။ ဝဘ်လိပ်စာ
http://voip.yatanarpon.com.mm/
မှာ ငွေကျပ် တစ်သောင်းနဲ့ ဝယ်ယူထားတဲ့ VoIP account card ပါ Soft Phone နံပါတ် (ID) နဲ့ Password အတိုင်းဝင်၊ Activate လုပ်ပြီး၊ မိမိဝယ်ယူထားတဲ့ ငွေဖြည့်ကဒ် (Recharge via Voucher Card) နဲ့ ငွေဖြည့်သွင်း အသုံးပြုရမှာ ဖြစ်တယ်လို့ သိရတယ်။ မိမိခေါ်ဆိုတဲ့ နိုင်ငံအလိုက် ငွေဖြည့်ကဒ် (Recharge via Voucher Card) ထဲကနေ တစ်မိနစ်ကို 0.15 FEC ၊ 0.35 FEC နှုန်းနဲ့ ငွေနှုတ်ယူသွားမယ်လို့ ဆိုတယ်။ အဲဒီ VoIP account card နဲ့ Recharge via Voucher Card တွေကို အများပြည်သူသုံး အင်တာနက်ဆိုင်တွေနဲ့ City Mart ဆိုင်တွေမှာ ဝယ်ယူ ရရှိနိုင်တယ်လို့ သိရပါတယ်။
voip.yatanarpon.com.mm
No comments:
Post a Comment