Sunday, February 5, 2012

SE-ME-WE 4 အင်တာနက်ဆက်ကြောင်းသစ် ယခုနှစ်အတွင်း ချိတ်နိုင်မည်

နိုင်ငံတကာနှင့်ချိတ်ဆက်အသုံးပြုနေသော အင်တာနက်ဆက်ကြောင်းသစ်တစ်ခုဖြစ်သည့် SE-ME-WE 4 ကို ယခုနှစ်အတွင်း ချိတ်နိုင်မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖိုင်ဘာအင်တာနက် ဆက်ကြောင်း ချိတ်ဆက်သည့်ဌာန အင်ဂျင်နီယာချုပ်က ပြောကြားသည်။

ယင်းဆက်ကြောင်းသစ်ကို နယ်စပ်မှ ချိတ်ဆက်မည်ဖြစ်ပြီး လက်တလောတွင် ယင်းဆက် ကြောင်းရှိ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယစသည့် နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ၎င်းကရှင်းပြ သည်။

မြန်မာနိုင်ငံ၌ ယခုအသုံးပြုနေသည့် SE-ME-WE 3 အင်တာနက်ဆက်ကြောင်းမှာ အင်ဒိုနီးရှား နိုင်ငံဘက်တွင် ပြတ်တောက်နေရာတွင်လည်း ဖေဖော်ဝါရီလအတွင်း ပြန်လည်ကောင်းမွန်မည်ဟု ယင်းနိုင်ငံက အကြောင်းကြားထားကြောင်း ၎င်းကဆိုသည်။

" အင်တာနက်လိုင်းတွေများများ ချိတ်တာကောင်းတာပေါ့။ ခုဆိုခဏခဏ လိုင်းကျတာနဲ့ You Tube လည်းဖွင့်လို့မရဘူး" ဟု နေ့စဉ်အင်တာနက်အသုံးပြုနေသည့် ဒုတိယနှစ် မြန်မာစာကျောင်းသားတစ်ဦး ကဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ China Union ကုမ္ပဏီက SE-Me-WE 5 ကို ၂၀၀၃ ခုနှစ်တွင် ချိတ်ဆက်ရန် ကူညီမည်ဖြစ်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ကျပြီဖြစ်ကြောင်း အင်ဂျီနီယာချုပ် ဦးဇော်မင်းဦးက ပြောကြားထားခဲ့သည်။

နောင်တွင် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသည့် အင်တာနက်ဆက်ကြောင်း တစ်ခုပြတ် တောက်လျှင် အခြားတစ်ခုအလွယ်တကူ ပြောင်းချိတ်ပေးနိုင်ရန် ယင်းသို့စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် လတ်တလော အသုံးပြုနေသည့် နိုင်ငံတကာအင်တာနက် ဆက်ကြောင်းမှာ SE-Me-WE 3 ဖြစ်ပြီး ယင်းဆက်ကြောင်း အသုံးပြုခွင့် ၁၃ နှစ် ရရှိထားရာ ယခုနှစ်အထိ ခြောက်နှစ်သာရှိသေး ကြောင်း၊ သို့သော် မကြာခဏ ရေအောက်ဆက်ကြောင်း ပြတ်တောက်သဖြင့် အဆင်မပြေကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၁၁)ကြိမ်မြောက် အာဆီယံဆက် သွယ်ရေးနှင့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ၀န်ကြီးများအဆင့် အစည်းအဝေး (TEL MIN) သ တင်းစာရှင်းလင်းပွဲ၌ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

No comments: