Monday, January 30, 2012

ယခုနှစ်အကယ်ဒမီ ဒါရိုက်တာဝိုင်း၊ ပြေတီဦးနှင့်သက်မွန်မြင့်တို့ တစ်ပြေးနေဟုဆို



၂ဝ၁ဝ ပြည့်နှစ်အတွက် ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်ကို ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ၁၈-၁-၂ဝ၁၂ရက်တွင် ပြောကြားသည်။


''လတ်တလောကတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကို အကယ်ဒမီပေးပွဲလုပ်ဖို့ စီစဉ်ထားတယ်။ စင်ဆောက်ဖို့ကိုတော့ အထက်ကို တင်ထားတာ နောက်ဆုံးအစည်းအဝေး ထိုင်ပြီးရင်သိရမှာပါ။ စင်ကိုဇန်နဝါရီ လကုန်ပိုင်းလောက် ဆောက်သွားမယ်။ အရင်နှစ်တွေနဲ့မတူဘဲ သွားမယ်။ အဲဒီအတွက်လည်း ပြည်တွင်းကုမ္ပဏီတွေရယ်၊ ပြည်ပပညာရှင်တွေရယ်နဲ့ ညှိနှိုင်းနေတယ်'' ဟုမြန်မာ့ရုပ်ရှင် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စင်ဆောက်လုပ်ရန် ခွင့်ပြုချက်ကျပြီးပါက အကယ်ဒမီ ဗန်းကိုင်စာရင်းကို ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး အကယ်ဒမီပေးပွဲတွင် ဖျော်ဖြေမည့်သူများလည်း သီချင်းလေ့ကျင့်ခြင်းများ စတင်သွားမည်ဖြစ်ကြောင်း၊ အကယ်ဒမီပေးပွဲကို ယခင်နှစ်နှင့်မတူ လျှောက်လမ်းများကိုလည်း သီးခြားထားရှိသွားမည် ဖြစ်ကြောင်း ၂ဝ၁ဝ ပြည့်နှစ် အကယ်ဒမီအတွက် စာရင်းဝင်ဇာတ်ကား ၁၅ ကားရှိပြီး အများစုမှာ ဟာသကားများ ဖြစ်ကြောင်းသိရသည်။၂ဝ၁ဝ ပြည့်နှစ် အကယ်ဒမီအတွက် ဒါရိုက်တာဝိုင်း၊ ပြေတီဦးနှင့် သက်မွန်မြင့်တို့ တစ်ပြေးလျက်ရှိပြီး အကယ်ဒမီပေးပွဲ တစ်ခုလုံးအား ပြည်တွင်း ရုပ်သံလိုင်းတစ်ခုက တာဝန်ယူ ဆောင်ရွက်သွား မည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

No comments: