Wednesday, February 1, 2012

ကချင်ပြည်နယ်အတွင်း အဝေးပြေးကားတစ်စီး ကျပ်လေးသိန်းခွဲပေးဆောင်ရမည်

ကချင်ပြည်နယ်အတွင်း အဝေးပြေးကားတစ်စီး ကျပ်လေးသိန်းခွဲပေးဆောင်ရမည် ကချင်ပြည်နယ်အတွင်းရှိ လမ်းတံတားများပြုပြင်ရန် ရန်ပုံငွေအဖြစ် မြစ်ကြီးနားမြို့ရှိ အဝေးပြေးယာဉ်များကို တစ်စီးလျှင် ကျပ်လေးသိန်းခွဲ ပေးသွင်းရမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

မနောဧရာ အဝေးပြေးယာဉ်အသင်းဖွဲ့စည်းပြီး ကားတစ်စီးလျှင် အသင်းဝင်ကြေး ကျပ်နှစ်သိန်းခွဲနှင့် လစဉ်ကြေး နှစ်သိန်းကို ယခုလ ၆ ရက်နောက်ဆုံးထားပေးဆောင်ရမည်ဟု မြစ်ကြီးနားအဝေးပြေးဝင်းမှ ဂိတ်ပိုင်ရှင်တစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့ ဈေးကြီး

“ကားတစ်စီကို အသင်းဝင်တာနဲ့ လေးသိန်းခွဲ(ကျပ်)ပေးရမယ်ပေါ့။ ဒီအသင်းဝင်ပြီးရင်တော့
ကချင်ပြည်နယ် အနှံ့ကားဆွဲခွင့်ရှိပြီလို့ပြောတယ်။ အသင်းမ၀င်ထားတဲ့
ကားတွေကို ပြေးဆွဲခွင့်မပြုဘူးတဲ့” ဟု ယာဉ်မောင်းတစ်ဦးပြောသည်။



ယင်းကဲ့သို့ကောက်ခံခြင်းသည် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့် ၊ တနိုင်း ၊အစရှိသည့်
ကားလမ်းများကို ပြုပြင်ဆောင်ရွက်ပေးသွားရန်ဟုဆိုသည်။

လိုင်စင်မဲ့ကားများအပါအ၀င် အသင်းဝင်ထားသော မည်သည့်ကားမဆို ကချင်ပြည်နယ်အတွင်း လွတ်လပ်စွာပြေးဆွဲခွင့်ရှိမည်ဖြစ်သည်ဟု မနောဧရာ ယာဉ်အသင်းအစည်းအဝေးတွင်ပြောသည်ဟု မြစ်ကြီးနားအဝေးပြေးဝင်းမှ ဂိတ်ပိုင်ရှင်တစ်ဦး ကပြောသည်။
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၁၊ ၂၀၁၂ (YPI)

No comments: