Sunday, January 8, 2012

တောထဲမှာ ကိုယ်လုံးကျွတ် မတော်တရော်လုပ်ခံရတဲ့ (၁၆)နှစ်ကျောင်းသူလေး

စင်္ကာပူနိုင်ငံတွင် အသက်(၄၂)နှစ်အရွယ်အမျိုးသားက Mandai ရှိ ၎င်း၏ လောင်းကစားဖက် သူငယ်ချင်းများနှင့် သွားတွေ့တာ သူမအားခေါ်သွားမည်ဟုဆိုကာ အသက်(၁၆)နှစ်အရွယ်ကျောင်းသူလေးအား တောထဲတနေရာသို့ ၁၉၉၆ စက်တင်ဘာလတုန်းက ကားမောင်းခေါ်သွားခဲ့သည်။




ထို့နောက် တောထဲတွင် ကျောင်းသူလေးအား သူ့ရည်းစားဖြစ်ခွင့်ပြုပါရန်ပြောရာ မိန်းကလေးက လက်မခံခဲ့သောကြောင့် မိန်းကလေး၏မျက်မှန်ကို ဆွဲချွတ်ခဲ့သည်။ အမြင်မသဲကွဲတော့သည့် မိန်းကလေးအား အခွင့်ကောင်းယူကာ အဝတ်တွေ ဆွဲချွတ်ပစ်ခဲ့ပြီး မိန်းကလေး၏သားမြတ်များအား ကိုင်တွယ်ခဲ့ကြောင်း သိရသည်။

သို့ပေမယ့် မိန်းကလေးက ထို့လူ့လက်မှလွတ်အောင် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပြီး ခြုံတစ်ခုထဲ ပုန်းအောင်းနေခဲ့သည်။ မိန်းကလေးအား လိုက်ရှာမတွေ့သည့်အဆုံး ထိုလူက ကားမောင်းထွက်သွားခဲ့သည်။

ထိုသူထွက်သွားပြီးနောက် မိန်းကလေးက အမှောင်ထဲ စမ်းတဝါးဝါးနဲ့ သူမအင်္ကျိအဝတ်အစားတွေ လာရှာခဲ့ပေမယ့် မရှိတော့တာကြောင့် သူများစွန့်ပစ်ထားခဲ့သော သတင်းစာကို ကိုယ်လုံးကျွတ်နေခဲ့တဲ့ ကိုယ်မှာပတ်ပြီး လမ်းမပေါ်မှ ကားတွေကို ရပ်ပေးဖို့ အကူအညီတောင်း တားခဲ့ကြောင်း ၊ ပထမကားက မရပ်ပေးလဲ လျစ်လျူရှုထွက်သွားခဲ့တာကြောင့် အနီးအနားရှိ စစ်တပ်ဂိတ်ကို အကူအညီတောင်းခံဖို့ သွားခဲ့ပေမယ့် ဂိတ်မှာ ဘယ်သူမှမရှိခဲ့ကြောင်း သိရသည်။

ထို့နောက် လမ်းမပေါ် တစ်နာရီကျော်လောက် စောင့်ပြီးတဲ့အခါမှာ တက္ကစီတစ်စီးက သူမကို တင်ခေါ်ခဲ့ပြီး တက္ကစီမောင်းသူက သူ၏ရှပ်အင်္ကျိဖြင့် သူမအားလုံခြုံသွားအောင် ဝတ်ဆင်စေခဲ့ပြီး နီးစပ်ရာ ရဲစခန်းသို့ မောင်းပို့ပေးခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်လိုပါက

straitstimes.com

No comments: