Wednesday, January 11, 2012

အိမ်ခြံမြေ ၀ယ်၊ရောင်း၊ ငှားလိုသူ ဈေးကွက်ကျယ်ပြန့်လာ၍ အလွယ်တကူလေ့လာကြည့်ရှုနိုင်မည့် ၀က်ဘ် ဆိုက်သစ်တစ်ခု

လာကြည့်ရှုနိုင်မည့် ၀က်ဘ်ဆိုက်သစ်တစ်ခု စတင်လွှင့်တင်ပြီဖြစ်ကြောင်း ၄င်းဝက်ဘ်ဆိုက် လွှင့်တင်သူများထံ မှ ၅-၁-၂၀၁၂ ရက်က သိရသည်။


အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်းဖြင်း အတွက်လွင့်တင်သော ၀က်ဘ်ဆိုက်သစ်ကို ဦးအောင်ချစ် ခင်နှင့် Mr.Erik Frisk တို့က ဒီဇင်ဘာလကုန်ပိုင်း စတင်လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ www.eainsearch.com တွင် မိမိရောင်းလိုငှားလိုသော မိမိ၏တိုက်ခန်း၊ အိမ်၊ မြေကွက်များကို အသက်သာဆုံး ဈေးနှုန်းဖြင့် ကြော်ငြာ နိုင်ကြောင်း၊ ထို့ပြင် ပွဲခပေးရန် မလို၊ ကိုယ်တိုင်ရောင်း၊ ကိုယ်တိုင်ဝယ်၊ ငှားခြင်းများကို အင်တာနက်တွင် ၀င် ရောက်ကြည့်ရှုလေ့လာပြီး ပိုင်ရှင်ထံမှ တိုက်ရိုက်ဝယ်ယူ၊ ငှားရမ်းခြင်းများအလွယ်တကူ ပြုလုပ်နိုင်မည်ဖြစ် ကြောင်း၊ အိမ်ရောင်း၊ ၀ယ်၊ ငှားရမ်းခြင်းများပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ အိမ်ရောင်း၊ ၀ယ်၊ ငှားရမ်းခြင်းများပြု လုပ်သည့်အခါ လိုအပ်သော သတင်းအချက်အလက်၊ အိမ်အနေအထား အစရှိသည်တို့ကို တစ်ပြိုင်နက်လေ့ လာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

" ဒီဝက်ဘ်ဆိုက်မှာ အိမ်ရောင်းလို၊ ငှားလိုတဲ့သူတွေက eainsearch ရဲ့ ဖုန်းကို ဆက်သွယ် လိုက်ရုံနဲ့ eainsearch ရဲ့တာဝန်ရှိသူတွေက အိမ်အရောက် စာရင်းယူ၊ ဓာတ်ပုံရိုက်၊ သတင်းအချက်အလက် တွေကောက်ခံပေးပြီးတော့ အဲဒီသတင်းအချက်အလက်နဲ့ ဓာတ်ပုံတွေကို ၀က်ဘ်ဆိုက်မှာတင်ပေးမှာပါ။ ၀ယ်လို ငှားလိုတဲ့သူတွေကလည်း အင်တာနက် ၀က်ဘ်ဆိုက်မှာ ရှာပြီး ပိုင်ရှင်ကို ကိုယ်တိုင်ဆက်သွယ်ပြီး၊ ပွဲခပေးစရာ မလိုပဲ တိုက်ရိုက်ဝယ်ယူ၊ ငှားရမ်းနိုင်မှာပါ" ဟု eainsearch ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် www.eainsearch.com သည် website database တည်ဆောက်ဆဲဖြစ်သည့်အ တွက် ရောင်းလိုသူများနှင့် ငှားရမ်းလိုသည့်မြေ၊ အိမ်၊ တိုက်ခန်းများကို ဆက်သွယ်စုစည်းနေဆဲဖြစ်ကြောင်း၊ စိတ်ဝင်စားသူများဝင်ရောက် လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

No comments: