Wednesday, February 22, 2012

ပါရမီနှင့်ရွှေမန်းသူယာဉ်မောင်းများကို အင်္ဂလိပ်စာ သင်တန်းပေးနေဟုဆို


ရန်ကုန်၊ ဇန်န၀ါရီ-၆
ယခုနှစ်ခရီးသွားရာသီအမီ နိုင်ငံခြားသားခရီးသည်များ အဆင်ပြေပြေသွားလာနိုင်ရန်ရည်ရွယ်၍  ဗန္ဓုလသယ်ပို့ဆောင်ရေးလီမိတက် လက်အောက်ရှိ ယာဉ်မောင်းနှင့်
ယာဉ်အကူများအား အင်္ဂလိပ်ဘာသာစကားများ စတင်သင်ကြားပေးလျက်ရှိကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးလီမိတက်မှတာဝန်ရှိသူတစ်ဦးကပြောသည်။


    ယခုလ ၆ ရက်မှစ၍ ပါရမီယာဉ်လိုင်းမှ ၂၀ ဦး၊ ပါရမီတက္ကစီ ယာဉ်လိုင်းမှ ၂၀ဦး၊ ရွှေမန်းသူအဝေးပြေးယာဉ်လိုင်းမှ ၁၀ဦးဖြင့် Bus and Taxi English Speaking သင်တန်းအမှတ်စဉ်(၁)ကို ဖွင့်လှစ်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်အထိ ၅ပတ်ကြာဖွင့်လှစ်မည်ဖြစ်သည်။
    နေပြည်တော်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ကျောက်မျက်ပြပွဲသို့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ ပါရမီတက္ကစီစီးရေ ၁၀၀ သွားရောက်ပြေးဆွဲပေးခဲ့ရာ နောက်
ပိုင်းတွင်လည်း နိုင်ငံခြားသားခရီးသွားများအတွက် ၀န်ဆောင်မှုပေးရာတွင်အထောက်အကူဖြစ်စေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
    ယာဉ်မောင်းနှင့်ယာဉ်အကူအားလုံးကို အလှည့်ကျသင်တန်း တက်ရောက်စေမည်ဖြစ်ကာ အင်္ဂလိပ်ဘာသာစကားအပြင် တရုတ်ဘာသာစကားကိုလည်း ထပ်မံသင် ကြားပေးရန်စီစဉ်ထားကြောင်းသိရသည်။

No comments: