Saturday, March 3, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြု

ကျော်ဆုမွန်
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်အမည် စာရင်းတင်သွင်း ထားချက် ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ရှိ တောင်ပိုင်းခရိုင် ကော်မရှင်ရုံးက ဖေဖော် ၀ါရီလ ၂၈ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ကြောင်း အဖွဲ့ချုပ်မှ ဗဟိုအလုပ် အမှုဆောင်ပါတီ ၀င် ဦးဉာဏ်ဝင်းက မြန်မာတိုင်း(မ်)ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့၌ ပြောသည်။


"ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေက ခရိုင်ကော်မရှင်ရုံးမှာ ဒေါ်အောင်ဆန်း စုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် အသိမှတ်ပြု တယ်ဆိုတာ ကြေညာစာ ကပ်ထားတယ်"ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ပါတီဝင် ဦးတင်ရီက ဒေါ်အောင်ဆန်းစု ကြည်သည် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦး၏ အရည်အချင်းနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အချက်အလက် အချို့ကို တင်ပြပြီး ဖေဖော်ဝါရီလ အစောပိုင်းတွင် တိုင်တန်းခဲ့ရာ ခရိုင်ရွေး ကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည်။
"ကန့်ကွက်တဲ့သူဘက်က အထောက် အထားခိုင်မာမှုမရှိလို့ အခုလို ခရိုင် ကော်မရှင်ရုံးက နို့တစ်စာနဲ့ ပြန်လည် ကြေညာတာပါ"ဟု ဦးဉာဏ်ဝင်းက ပြောသည်။

No comments: