Saturday, March 3, 2012

ဂျီအိုင်ဂရု(ပ်)က မန္တလေး-ရန်ကုန် ကားလိုင်းသစ်ပြေးဆွဲ

စည်သူလွင်
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)

ကားကြီးအား သန့်ရှင်းရေးပြုလုပ်နေ့သည့် စပယ်ယာများအား တွေ့ရစဉ်။
ဂျီအိုင်ဂရု(ပ်)က ဒုတိယမြောက် ဂိတ် အဖြစ် ရန်ကုန်-မန္တလေး ခရီးစဉ်များကို လူစီးသီးသန့် လေအိတ်ကားကြီးဖြင့် မတ်လအတွင်း စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။
ဂျီအိုင်ဂရု(ပ်)မှ မတ်လအတွင်း ရန်ကုန်-မန္တလေး ခရီးစဉ် စတင်ပြေး ဆွဲရာတွင် တရုတ်နိုင်ငံထုတ် မော်ဒယ် ၂၀၁၂ Yatong Bus Car ကားကြီး ခုနစ် စီးအသုံးပြုမည်ဖြစ်သည်။


"ပထမဆုံး ကားဂိတ်ကတော့ မန္တလေး -မူဆယ် ကားဂိတ်ပါ။ ခုဆက်လက်ပြီး တော့ ရန်ကုန်-မန္တလေး ခရီးစဉ်များကို လည်း မတ်လအတွင်းမှာ ဆက်လက် ပြေးဆွဲတော့မှာပါ။ မန္တလေးတိုင်းဒေသ ကြီးအစိုးရရဲ့ ခွင့်ပြုချက်တော့ရထားပါ ပြီ။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ခွင့်ပြုချက် ကိုစောင့်နေလို့ ပြေးဆွဲမယ့် ရက်ကို အတိ အကျတော့ ပြောလို့မရသေးပါဘူး။ကား တွေကတော့ နောက်ဆုံးပေါ် မော်ဒယ် တွေပါ။ ခရီးသွားတဲ့သူတွေအတွက် သက်သောင့်သက်သာ ရှိအောင်လို့ ထိုင်ခုံတွေကိုလည်း သေချာစီစဉ်ပေး ထားပါတယ်။ခရီးသွားတွေရဲ့ ကျန်းမာ ရေးကအစ ဂရုစိုက်နိုင်အောင်ကားတွေ ပေါ်မှာ ဆေးသေတ္တာတွေလည်းထား ပေးမှာပါ။ ခရီးသည်တွေအတွက် ကော်ဖီ နဲ့ မုန့်တွေကိုလည်း စီစဉ်ပေး သွားမှာပါ"ဟု ဂျီအိုင်ဂရု(ပ်)မှ ဥက္ကဋ္ဌ ကိုဇာနည် အောင်က ပြောသည်။
ခရီးစဉ်များကို မန္တလေး နှင့် ရန်ကုန်ရှိ ကားဂိတ်များမှ နံနက် ၉ နာရီ ၊ညနေ ၆ နာရီ၊ ၉ နာရီ နှင့် ၉ နာရီ မိနစ် ၃၀ တို့ တွင် စတင် ထွက်ခွာ ပြေးဆွဲပေးမည်ဖြစ် သည်။ မန္တလေး မှ ညနေ ၆ နာရီ ထွက်မည့် ကားမှာ မန္တလေး မှ အမြန်လမ်းမကြီး အတိုင်းထွက်ခွာကာ ဖြူးကားရပ်နား စခန်းမှ တစ်ဖန်လမ်းဟောင်းအတိုင်း ပြန်လည် ပြေးဆွဲပေးမည်ပြီး ရန်ကုန်မှ ညနေ ၆ နာရီထွက်ကားမှာ လမ်းဟောင်း အတိုင်း ထွက်ခွာပြီး ဖြူးကားရပ်နား စခန်းမှ ပြန်လည်၍လမ်းသစ်အတိုင်း ပြေးဆွဲမည်ဖြစ်သည်။
ကားလက်မှတ် များကိုလည်း အိမ်အရောက်စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။
ကား ဂိတ်စတင်ပြေးဆွဲသည့် ရက်တွင် လိုက်ပါမည့် ခရီးသည်များအတွက် တီဗီ၊ ရေခဲသေတ္တာ၊ ဟန်းဆက်နှင့် အခြားလက်ဆောင် ပစ္စည်းများ ချီးမြှင့် ပေးအပ်သွားမည် ဖြစ်သည်။

No comments: