ဂျူးလိယက်
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)
မြန်မာနိုင်ငံ၏ လေပိုင်နက်အတွင်း ဖြတ်သန်းသွားသည့် နိုင်ငံတကာ
လေကြောင်းလိုင်းများမှ လေကြောင်း
ဖြတ်သန်းခအဖြစ် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၆၀ ခန့် ရရှိ
ခဲ့ရာ ယမန်နှစ်ဘဏ္ဍာနှစ်က ၀င်ငွေဖြစ်
သည့် ဒေါ်လာ ၄၅ သန်းခန့်ထက်
ဝင်ငွေ ပိုကောင်းခဲ့ကြောင်း ပို့ဆောင်ရေး
ဝန်ကြီးဌာနအောက်ရှိ လေကြောင်း
ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန
စာရင်းများက ဖော်ပြသည်။အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)
"နိုင်ငံတကာလေကြောင်းလိုင်းမှာ တစ်ပိုင်းက စီးပွားရေးအရ ၀င်ငွေရမှု ရှိသလို တစ်ပိုင်းက တာဝန်ယူရမှုလည်း ရှိတယ်။ လေကြောင်းလမ်းညွှန်ကိစ္စ ရှိတယ်။ နိုင်ငံတစ်နိုင်ငံ လေပိုင်နက်ဖြတ် ကျော်ခ ပိုက်ဆံပေးရတယ်။ လေကြောင်း လမ်းညွှန်ခမှာ လေကြောင်းလမ်းညွှန် တာတင်မဟုတ်ဘဲ Search and Rescue ပျောက်ဆုံးရင် ရှာဖွေကယ် ဆယ်ဖို့၊ မိုးလေ၀သ သတင်းဖြန့်ပေးဖို့ အကုန်ပါတယ်။ နိုင်ငံတိုင်းဟာ ဆင်း သက်ခ၊ ရပ်နားခတို့အပေါ်က ဖြတ်ပျံခ ကိုလည်း ပိုက်ဆံပေးရတယ်"ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။
မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ် အော်နှင့် ထိစပ်နေခြင်းဖြင့် မိမိ၏ လေပိုင်နက်မဟုတ်သော်လည်း မိမိ တာဝန်ယူရသည့် အပိုင်းတွင် ပါဝင်နေ ခြင်း၊ အခြားသော အာဆီယံနိုင်ငံများက အနောက်နိုင်ငံဘက်သို့ ထွက်လိုလျှင် သော်လည်းကောင်း၊ အနောက်နိုင်ငံများ ဘက်မှ အာဆီယံနိုင်ငံများဆီသို့ သွား လျှင်သော်လည်းကောင်း၊ မြန်မာနိုင်ငံ ပေါ်မှ ဖြတ်သန်းရသည့်အတွက် ၀င်ငွေ ရရှိကြောင်း ၎င်းက ပြောသည်။
"လေကြောင်းလမ်းညွှန်ခ၊ ဖြတ်သွား တဲ့ အစိတ်အပိုင်းကို တာဝန်ယူရတယ်။ တချို့နိုင်ငံတွေက အဲဒီအခွင့်အရေးမရ ကြဘူး"ဟု ၎င်းက ပြောသည်။
နိုင်ငံတကာခရီးသည်တင် လေယာဉ် အများစုမှာ အရှေ့အနောက် ပျံသန်းကြ ပြီး လေကြောင်းအခြေအနေအရ မြန်မာ နိုင်ငံ ဗန်းမော်မြို့ အောက်ဘက်နှင့် တောင်ဘက်ပင်လယ်ပြင်အကြား ကုန်း တွင်းပိုင်းပေါ်မှ စုပြီးပျံသန်းကြကာ အဆိုပါ လေယာဉ်များကို ထိန်းချုပ် လမ်းညွှန်ပေးရန် ရန်ကုန်၊ မန္တလေးနှင့် ထားဝယ်တွင် ရေဒါသုံးခု တပ်ဆင်ထား သည်ဟု သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံပေါ် တွင် အပြည်ပြည်ဆိုင်ရာ လေယာဉ် ပျံသန်းလမ်းကြောင်း ၂၀ ရှိကြောင်း သိရသည်။
No comments:
Post a Comment