Saturday, March 3, 2012

မန္တလေးမြို့၏ မြေငလျင်ဆိုင်ရာ အသေးစိတ်အချက် အလက်ပါဝင်သည့်မြေပုံ ဧပြီလထွက်ရှိမည်

ရွှေရည်စောမြင့်
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)
ငလျင်ဇုန် ရပ်ဝန်းဒေသတစ်ခုဖြစ်သည့် မန္တလေးမြို့၏ မြေငလျင်ဆိုင်ရာ အသေး စိတ်အချက်အလက်ပါဝင်သည့် မြေ ငလျင်ခံနိုင် မြေပုံကို ရေးဆွဲပြီးဖြစ်၍ ဧပြီလတွင် ထွက်လာနိုင်ရန် စီစဉ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော် မတီ အသင်းအတွင်းရေးမှူး ဦးစိုးသူရ ထွန်းက ပြောသည်။


"မန္တလေးမြို့က မြန်မာနိုင်ငံရဲ့ အရှည် ဆုံးပြတ်ရွေ့ကြောဖြစ်တဲ့ စစ်ကိုင်းပြတ် ရွေ့ကြောနဲ့ မိုင် ၃၀ လောက်ပဲ ကွာဝေး တယ်။ ဒါကြောင့် ငလျင်အများဆုံးလှုပ် နိုင်ခြေရှိတဲ့နေရာဖြစ်လို့ ဦးစားပေးဆွဲခဲ့ တာပါ။ ရန်ကုန်မြို့ကိုလည်း ရေးဆွဲသွား ပေးဖို့ရှိပါတယ်။ "ဒါပေမယ့် ရန်ပုံငွေရရှိမှုပေါ်မူတည် ဆက်လုပ်သွားရမှာပါ။ ဒီမြေပုံကို အသုံးပြုပြီးတော့ ငလျင်ဒဏ်ခံနိုင်မယ့် အဆောက်အအုံတွေ၊ ဆည်တွေတည် ဆောက်ဖို့နဲ့ သဘာဝဘေး ကာကွယ်ဖို့ အသုံးဝင်ပါတယ်"ဟု ၎င်းက မြန်မာ တိုင်း(မ်)ကို ပြောကြားသည်။
မန္တလေးမြို့မြေပုံအတွက် အမေရိကန် ဒေါ်လာသုံးသိန်း ကုန်ကျခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၂၀၀၉ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ် ပြီးနောက် အာရှသဘာဝဘေးကြိုတင် ကာကွယ်ရေးဗဟိုဌာနမှ ပြုစုထုတ်ဝေ သော Hazard Profile of Myanmar တွင် မြန်မာမြောက်ပိုင်း၊ အလယ်ပိုင်း မြေပြန့်ဒေသနှင့် ရှမ်းကုန်းမြင့်ဒေသ တို့သည် ငလျင်လှုပ်ရှားမှုဖြစ်နိုင်သော ဒေသများဖြစ်သည်ဟု ဖော်ပြထား သည်။
မြန်မာနိုင်ငံ၏ အနေအထားအရ စစ်ကိုင်းပြတ်ရွေ့ကြော အနောက်ဘက် ခြမ်းသည် တစ်နှစ်လျှင်ပျမ်းမျှနှစ်စင် တီမိတာ ရွေ့လျား လျက်ရှိနေပြီး စစ်ကိုင်း ပြတ်ရွေ့ကြောသည် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းကြားတွင် တည်ရှိနေသော ကြောင့် စစ်ကိုင်းသည် မန္တလေးနှင့် ယှဉ် လိုက်ပါက မြောက်ဘက်ပိုင်းကို တစ်နှစ် လျှင် နှစ်စင်တီမီတာနှုန်းဖြင့် ရွေ့လျား နေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ အချက်အလက်များကို နှစ်ပေါင်းများ စွာတိုင်းတာထားသော အချက်အလက် များမှ တွက်ချက်သိရှိရခြင်းဖြစ်ကြောင်း ဦးစိုးသူရထွန်းက ပြောသည်။
စစ်ကိုင်းပြတ်ရွေ့ကြောသည် ၂၀ ရာစု အတွင်း ငလျင် ၁၈ ကြိမ် လှုပ်ရှားခဲ့ ကြောင်း Hazard Profile of Myanmar တွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ မြေငလျင်ကော်မတီက မြန်မာနိုင်ငံအနှံ့ ငလျင်ခံနိုင်မြေပုံကို ၂၀၀၅ ခုနှစ်တွင် ပထမအကြိမ်ရေးဆွဲခဲ့ ကြောင်း၊ လက်ရှိရေးဆွဲပြီးသော မြေပုံ သည် အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲ နေသော အသေးစိတ် မြို့ပြ မြေပုံဖြစ်ပြီး ဆက်လက်၍ မြန်မာတစ်နိုင်ငံလုံးအနှံ့  အသေးစိတ် မြေပုံများကို လူနေထူထပ် ရာ မြို့ကြီးများနှင့် ငလျင်ဘေးဒဏ်ရှိ သော မြို့ကြီးများကို ဦးစားပေးဆွဲပေး ရန်ရှိသည်ဟု သိရသည်။

No comments: