Friday, February 17, 2012

တာမွေမြို့နယ်တွင် မီးကြွင်းမီးကျန်မှ လောင်သောမီးကြောင့် လူ ၆၈ ဦး အိုးမဲ့အိမ်မဲ့ဖြစ်


7Day News Journal
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၄
နေလင်းအောင်၊ ပြည်သိမ်း
တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း၊ တာမွေကြီး(ခ)ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု ၁၆ စု၊လူ ၆၈ ဦး အိုးမဲ့
အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ကူးစက်လောင်ကျွမ်းခြင်းဖြစ် ပြီး၊ မီးလောင်မှုကြောင့် နေအိမ်လေးလုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၂၄ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။မီးလောင်မှုကို မီးသတ်ယာဉ် ၃၄ စီး၊ အထောက်အကူပြု ယာဉ်သုံးစီး၊ အုပ်ချုပ်မှုယာဉ်လေးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၁၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၁ ဦးတို့ကငြှိမ်းသတ်ခဲ့သည်။



မီးလောင်သည့်နေရာတစ်ဝိုက်မှာ တာမွေပလာဇာအနောက်ဘက် ကျိုက္ကဆံလမ်းနှင့် ၁၆၄ လမ်းတို့၏ အလယ်တွင်ရောက်ရှိနေပြီး တိုက်တန်းများ၏အနောက်ဘက် လမ်းကြားတွင်ဖြစ်သောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များမှာ လမ်းမတန်းနေအိမ်များကိုကျော်၍ငြှိမ်းသတ်ခဲ့ကြရသည်။ လောင်ကျွမ်းသည့် အိမ်များမှာ ပျဉ်ထောင်အိမ်များဖြစ်ပြီး ထိုနေရာတစ်ဝိုက်မှာ ကန်ထရိုက်တိုက်များနှင့် ဆောက်လုပ်ရေးပစ္စည်းဆိုင်များ၊ ကုန်မာဆိုင်များ၊ ဈေးဆိုင်များရှိနေသော်လည်း ယင်းဆိုင်များသို့ မကူးစက်မီ ငြှိမ်းသတ်နိုင်ခြင်းဖြစ်သည်။မီးလောင်မှုကို စတင်ခဲ့သည့် အိမ်အမှတ် ၃၆၉ နေအိမ်ရှင် အမျိုးသမီးကို (ပ)၁၄၅/၂၀၁၂၊ ပုဒ်မ-၂၈၅ ဖြင့် အရေးယူထား ကြောင်းသတင်းရရှိသည်။

No comments: