Friday, February 17, 2012

ရွှေဈေး ၂၀၁၁ အမြင့်ဆုံးနှုန်း ပြန်ရောက်နိုင်ဟု လုပ်ငန်းရှင်များ ခန့်မှန်း


ရန်ကုန်၊ ဖေဖော်ဝါရီ-၁၀
ရွှေဈေးနှုန်းများမှာ ပြီးခဲ့သည့် နှစ် ၏ အမြင့်ဆုံးရွှေဈေးနှုန်းထိ မြင့်တက်နိုင်သည်ဟု ရွှေလုပ်ငန်းရှင်အချို့ ခန့်မှန်းနေကြကြောင်း ဈေးကွက်ကျွမ်းကျင်သူ ရွှေလုပ်ငန်းရှင်
က ပြောသည်။


ယခုကဲ့သို့ ရွှေဈေးနှုန်းများ မြင့်တက်နေခြင်းမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်နေချိန်တွင် အစိုးရ၀န်ထမ်းများ၏ လစာတိုးပေးမည်ဟူသော သတင်းထွက်ပေါ်လာသော
ကြောင့်လည်း ပြည်တွင်းရွှေဈေးနှုန်းများ မြင့်တက်မှုများလာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့် တက်နေခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း ဖေဖော်ဝါရီ ၁၀ ရက်တွင် အခေါက်ရွှေတစ် ကျပ်သားလျှင် ၇၅၀၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်နေပြီဖြစ်သည်ဟု ရွှေဆိုင်လုပ်ငန်းရှင်အချို့ကပြောသည်။ ၀န်ထမ်းလစာ တိုးပေးမည်ဟူသော သတင်းထွက်ပေါ်ပြီး နောက်တစ်နေ့တွင် ပြည်တွင်း ရွှေဈေးနှုန်းမှာ တစ်ကျပ်သားပေါ်တွင် ၁၅၀၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။
ပြည်တွင်းရွှေဈေးနှုန်းကို အဓိကတက်စေသော ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုရက်ပိုင်းတွင် တစ်အောင်စလျှင် ၁၇၅၀ ဒေါ်လာဝန်းကျင်ထိ မြင့်တက်မှုရှိခဲ့သည်။
 “ကမ္ဘာ့ရွှေဈေးနှုန်းက တောက်လျှောက်တက်နေလို့ ပြည်တွင်းရွှေဈေးနှုန်းတွေလည်းတက်လာတာ။ ဒီတိုင်း ကမ္ဘာ့ဈေးတွေ တောက်လျှောက်တက်နေမယ်ဆိုရင် ပြည်တွင်းဈေးကလည်း အရင်နှစ်ဈေးကို မီသွားနိုင်တယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြော သည်။
ရွှေဈေးနှုန်းများ ဈေးအမြင့်ပိုင်းသို့ ရောက်ရှိနေပြီသော်လည်း ရွှေဝယ်လိုအားမှာ လျော့နည်းမသွားဘဲ ရောင်းအားများပင် မြင့်တက်လာခဲ့ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။လက်ရှိ ကမ္ဘာ့ရွှေပေါက်ဈေး အရဆိုလျှင် ပြည်တွင်းရွှေဈေးနှုန်းမှာ တစ်ကျပ်သားပေါ်တွင် ၁၀၀၀၀ ကျပ်ဝန်းကျင် နိမ့်နေသေးကြောင်း သိရသည်။ ထို့
ကြောင့် ရွှေဈေးကွက်အနေအထားသည် လက်ရှိဈေးနှုန်းများထက် ဆက်လက်မြင့်တက်နိုင်သေးသည်ဟု လုပ်ငန်းရှင်အချို့ ခန့်မှန်းနေကြခြင်းဖြစ်သည်။
7Day news Journal

No comments: