Friday, February 17, 2012

ထိုင်းနှင့် တရုတ်ငါးဖမ်းသင်္ဘောများ မြန်မာ့ပင်လယ်ပြင်တွင် အလွန်အကျွံငါးဖမ်းဆီးနေဟုဆို

  7Day news Journal
ရန်ကုန်၊ ဖေဖော်ဝါရီ- ၇
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခွင့် (Fishing Rights)   ရရှိထားသော ထိုင်းနိုင်ငံနှင့် တရုတ်(တိုင်ပေ)သင်္ဘောများသည် အလွန်အကျွံငါးဖမ်းဆီးမှုများ    ရှိနေကြောင်း   ရေလုပ်ငန်းပညာရှင် ဦးမောင်မောင်က ပြောသည်။


“မြန်မာ့ပင်လယ်ပြင်ကို စိုးမိုးထားနိုင်တဲ့ အခြေအနေလျော့လာလို့လား”ဟု ၄င်းကပြောသည်။အလားတူ မြန်မာ့ပင်လယ် ပြင်ကို စောင့်ကြပ်ကြည့်ရှုသော သင်္ဘောများ ယခင်ကရှိခဲ့သော်လည်း ယခုအခါတွင် မရှိတော့၍လည်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ နာယက တစ်ဦးကလည်းပြောသည်။
ငါးအသေးများအား ဖမ်းမိစေသော တရွတ်ဆွဲပိုက်အသုံးပြု သည့် ထိုင်းငါးဖမ်းသင်္ဘောများက ပင်လယ်ကြမ်းပြင်ကိုပါ ပွတ်တိုက်သွားသောကြောင့် ရေအောက်ရှိ သယံဇာတများ   ပျက်စီးကုန်ကြောင်း ၄င်းကပြောသည်။
“အဲဒီ့ ငါးဖမ်းသင်္ဘောတွေ ပေါ်မှာသူတို့ဘာလုပ်နေတယ်ဆိုတာ အကုန်သိနိုင်ဖို့ဂြိုဟ်တုစလောင်းကနေ ကြည့်လို့ရတဲ့ ကိရိယာတပ်သင့်တယ်”ဟု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတစ်ဦးကပြောသည်။ ထို့ကြောင့် တစ်နှစ်အတွင်း ဖမ်းဆီးထုတ်လုပ်နိုင်သော အမြင့် ဆုံး ငါးတန်ချိန်ကို သိရှိနိုင်ရန်နှင့် Fishing Rights    များအား ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာ့ပင်လယ်ပြင်တွင် အလျင်အမြန်သု တေသနပြုသင့်ကြောင်း ၎င်းကပြောသည်။
မြန်မာ့ပင်လယ်ပြင်တွင် သုတေသနလုပ်သော သင်္ဘောများလည်းမရှိသည့်အပြင် လုပ်နိုင်သော ပညာရှင်များလည်း တဖြည်းဖြည်းလျော့နည်းလာသောကြောင့်
အိမ်နီးချင်းနိုင်ငံများထံမှ အကူအညီတောင်းခံသင့်ကြောင်း ရေလုပ်ငန်းပညာရှင် ဒေါက်တာတိုးနန္ဒာတင်ကပြောသည်။ ပြည်ပနိုင်ငံများမှ ငါးဖမ်း သင်္ဘောအစီး ၃၀၀ ကျော်အား ငါးဖမ်းခွင့်တရားဝင်ပေးထားပြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ဖက်စပ် လုပ်ကိုင်နေကြသော ပြည်ပကုမ္ပဏီကိုးခုခန့်ရှိကြောင်း သတင်းရရှိ သည်။
သုတေသနပြုခဲ့သော မှတ်တမ်းအရ တစ်နှစ်လျှင် ငါးတန် ချိန်တစ်သန်းဝန်းကျင်သာ ထုတ် ယူသင့်သည်ဆိုသော်လည်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ၂၁၆၀၇၆၀ မက်ထရစ်တန် မြန်မာ့ပင်လယ်ပြင်မှ ထုတ်ယူသုံးစွဲပြီး ပြည်ပသို့ ၃၇၃၈၉၂ မက် ထရစ်တန်တင်ပို့ခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

No comments: