ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်မှုနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
လူငယ်ကွန်ယက်က ဦးဆောင် ဖွင့်လှစ်ထားတဲ့ ဒေါပုံမြို့နယ် အမေ့အိမ် အခမဲ့
ပညာဒါန ကျောင်းအတွက် ဒီမိုကရေစီ
ကွန်ယက်က ပညာရေး ရန်ပုံငွေရှာတဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုကို ဧပြီလ ၆ ရက်နေ့ညက ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဘောလုံးကွင်းမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ပရိသတ် ထောင်နဲ့ချီ လာရောက်
ကြည့်ရှုခဲ့တဲ့ ဒီ ရန်ပုံငွေရှာပွဲမှာ Vertical Vibration တေးဂီတ အဖွဲ့နဲ့အတူ ကိုရဲလွင်၊ ကိုသားထွေး၊ သီရိညွန့်၊ ထူးထူးအိမ်၊ သျှီ၊ ဂျေမောင်မောင် အစရှိတဲ့ တေးသံရှင်တွေက သူတို့ရဲ့သံစဉ်တွေနဲ့
သီဆို ဖျော်ဖြေ ခဲ့ကြပါတယ်။

No comments:
Post a Comment