Sunday, February 19, 2012

Y Talk အင်တာနက်ဖုန်းလိုင်းရောင်းချရန် ကိုယ်စားလှယ်များကိုဖိတ်ခေါ်

Y Talk အင်တာနက်ဖုန်းလိုင်းရောင်းချရန် ကိုယ်စားလှယ်များကိုဖိတ်ခေါ်

Y Talk အင်တာနက်ဖုန်းလိုင်းရောင်းချရန် ကိုယ်စားလှယ်များကိုဖိတ်ခေါ်
ယခုလ ၇ ရက်နေ့၌ စတင်မိတ်ဆက်ခဲ့သည့် Y Talk အင်တာနက်ဖုန်းလိုင်းဝန်ဆောင်မှုကို တစ်ဆင့်ခံကိုယ်စားလှယ်အဖြစ် ပြန်လည်ရောင်းချလိုသူများကို VMG Telecoms ကုမ္ပဏီမှ ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။ VMG ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမီတက်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ခဲ့သည့်
Y Talk အင်တာနက်ဖုန်းဝန်ဆောင်မှုကို ဈေးကွက်ရှာဖွေရန်နှင့် ၀န်ဆောင်မှုပြုလုပ်ပေးရန် အဓိက တာဝန်ယူလုပ်ဆောင်ပေးသည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည်။ 
 
“ကျွန်တော်တို့ အစည်းအဝေးလုပ်နေတယ်။ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ကို ဘယ်လိုပေးမယ်ဆို တာ မသိရသေးဘူး” ဟု VMG ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာဦးငြိမ်းသူက ပြောသည်။ Y Talk အင်တာနက်ဖုန်းဝန်ဆောင်မှုကို အသုံးပြုလိုသူအရေအတွက် ၂၀၀ ၀န်းကျင်က ကုမ္ပဏီသို့ လာရောက်ဆက်သွယ်ထားကြောင်း၊ ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့တွင်ရှိသော အများပြည်သူသုံးအင်တာနက်ဆိုင် ၃၆၀ ၀န်းကျင်ကို လိုက်လံဆက်သွယ်၍ Y Talk ၀န်ဆောင်မှု လိုက်လံပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဦးငြိမ်းသူကပြောသည်။ “၁၀ ရက်နေ့ကနေစပြီး အသုံးပြုဖို့ စာရင်းပေးသွင်းထားသူတွေကို Y Talk အသုံးပြုဆော့ဖ်ဝဲလ်ကို လိုက်လံထည့်သွင်းပေးတော့မှာပါ။ အင်တာနက်ဆိုင်တွေကို အဓိကအနေနဲ့ အရင်ဆုံးပြုလုပ်ပေးသွားမှာပါ။ တခြားအသုံးပြုလိုသူတွေအတွက်ကတော့ လောလောဆယ်မရသေးပါဘူး” ဟု ၎င်းကဆိုသည်။ Y Talk အသုံးပြုရန်အတွက် ကြိုတင်ငွေဖြည့်ကတ်များကို CityMart ဈေးဝယ်စင်တာများ၌ ဦးစားပေးရောင်းချသွားမည်ဖြစ်ကြောင်း Y Talk ပရောဂျက်မှတာဝန်ရှိသူ ကိုအောင်သန်းစိုးကပြောသည်။ ပြည်ပနိုင်ငံများသို့ တရားမ၀င်ခေါ်ဆိုနေသည့် Pfingo, Skype နှင့်တခြားသော အင်တာနက်ဖုန်း ၀န်ဆောင်မှုများကို ပပျောက်စေရန် အဓိကရည်ရွယ်ဖန်တီးခဲ့သော Y Talk အင်တာနက်ဖုန်းလိုင်းသည် အသုံးပြုမှုနှုန်းထားများကို တစ်မိနစ်လျှင် ၁၅၀ ကျပ်နှင့် ၃၅၀ ကျပ်ဟူ၍ ဆက်သွယ်သည့်နိုင်ငံအပေါ်မူတည်ပြီး နှစ်မျိုးခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။ Y Talk အင်တာနက်ဖုန်းလိုင်းနှင့်ပတ်သက်၍ ဒဂုံမြို့နယ်ရှိ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောကြားရာတွင် “စင်ကာပူလိုနိုင်ငံမျိုးကို Y Talk က ၁၅၀ ကျပ်ယူတယ်။ လက်ရှိဆိုင်တွေမှာ အသုံးပြုနေတဲ့ဝန်ဆောင်မှုတွေက ၅၀ ကျပ်ပဲယူတယ်။ ဒါပေမဲ့ အာဖရိကနိုင်ငံတွေ၊ ယူအေအီးနိုင်ငံတွေ ရုရှားအပါအ၀င် တခြားနိုင်ငံတစ်ချို့ကို လက်ရှိသုံးနေတဲ့အင်တာနက် ဖုန်းဝန်ဆောင်မှုနဲ့ခေါ်ရင် ၆၀၀ ကျပ်လောက်ကနေ ၁,၀၀၀ ကျပ်လောက်အထိ တစ်မိနစ်ကိုပေးရတယ်။ Y Talk က အဲဒီလိုနိုင်ငံတွေကိုခေါ်ရင်တော့ ၃၅၀ ကျပ်ပဲကျတယ်။ ဒီတော့ဗျာ အင်တာနက်ဆိုင်အနေနဲ့ပြောရရင် အသုံးပြုသူသက်သာနိုင်တဲ့ ၀န်ဆောင်မှုကိုရွေးပြီး ခေါ်ပေးနေရမှာပဲ” ဟုဆိုသည်။

ရေးသားသူ - မြင့်ကျော်လှိုင်
Credit - Internet Journal, Vol(13) Issue(07)

No comments: