Wednesday, February 22, 2012

မိန်းကလေးတွေသင်သိပါသလား? (၁)

၁။ ယောကျာ်းလေးတွေက မိန်းကလေးတယောက်ကို ကြိုက်ဖို့လွယ်ပါတယ်။ ချစ်ဖို့တော့ အဲလောက်မလွယ်ပါဘူး။

၂။ ယောက်ျားလေးကြိုက်တာကို အလိုက်သိသိနဲ့လုပ်ပေးနေရင် မိန်းကလေး တောင်းဆိုသမျှ လိုက်လျောမဲ့ သူပါ။

၃။ သူတို့အပေါ်ဂရုစိုက်တဲ့သူကို နှစ်သက်ကြတယ်။ ဒါပေမဲ့ သူကြိုက်တဲ့ မိန်းကလေးအပေါ်တော့ ဂရုစိုက်မှာမဟုတ်ပါဘူး။
၎။ သူတို့အပေါ်သိပ်ကောင်းတဲ့ မိန်းကလေးတွေကို အလေးမထားပဲ ဆိုးနေကြတယ်။
၅။ သူငယ်ချင်းထက်နည်းနည်းပိုတဲ့ မိန်းကလေးမိတ်ဆွေမျိုး များများလိုချင်တာ ယောက်ျားလေးတွေရဲ့ စိတ်ကူးတိုင်းမှာဝှက်ထားတတ်တယ်။

၆။ ယောက်ျားလေးတွေက အချစ်ကိုခွဲခြမ်းစိတ်ဖြာနိုင်တယ်။ ဘယ်လောက်ချစ်ချစ် ဇနီးအဖြစ်မသင့်တော်ရင်တော့ လမ်းခွဲလိုက်တာပါပဲ။ သူတို့စိတ်ထဲမှာက အချစ်နဲ့အိမ်ထောင် ဆိုတာ ကိစ္စရပ်၂ခုလို့ ယူဆတယ်။ လက်ထက်ဖို့ အချိန်ဆွဲနေတဲ့ ယောက်ျားလေးအများစုက သင့်တော်တဲ့ ဇနီးလို့ မထင်လို့ ချစ်သူရည်းစားဘ၀ထက် မပိုချင်နေတာပါ။
၇။ ဇနီးအပေါ်တော့ အပြင်ပိုင်းအရတောင်းဆိုမှုတွေ ရွေးချယ်မှုတွေ သိပ်မများပေမဲ့ စိတ်နေစိတ်ထားကတော့ သူနဲ့ တထပ်တည်းကျတာကိုရွေးလေ့ရှိတယ်။
၈။ ညဏ်ကောင်းပြီး သိပ်တော်တဲ့ မိန်းကလေးတွေကို စိတ်ဝင်စားတဲ့ ယောက်ျားလေးတွေမများဘူး။ ဒီလို မိန်းကလေးတွေနဲ့ သူတို့ အတူနေဖို့ နေရာမရှိဘူးလို့ယူဆတယ်လေ။
၉။ သူကြိုက်တဲ့ ကောင်မလေးရှိတဲ့အချိန်ဆို ယောက်ျားလေးတွေ စကားများလာတယ်။ ပိုပြီး သွက်လက်တယ်။ သူ့ဘက်ပါအောင် စကားနဲ့ ဆွဲဆောင်လာတယ်။ သူသဘောကောင်းတယ်ဆိုတာနဲ့ ပတ်သက်တဲ့ စကားတွေကိုပဲပြောတယ်။ ရီရတယ်ထင်တဲ့ ဟာသတွေ ထုတ်ပြောတယ်။ ကောင်မလေး ရီလို့ သဘောကျတဲ့အထိပေါ့။
၁၀။ ယောက်ျားလေးတယောက်ဆိုတာ ရင့်ကျတ်ပြီဖြစ်တဲ့ယောက်ျားနဲ့ ကလေးနဲ့တူတဲ့ယောကျာ်း ၂ယောက်ပေါင်းထားသလိုပါပဲ။ ရင့်ကျတ်တဲ့အပိုင်းကတော့ သူ့ကောင်မလေးက သူ့သဘောအတိုင်းလိုက်လုပ်ရမယ်။ သူစိတ်ချနိုင်တဲ့အနေအထားမှာ အပြုအမှုအနေအထိုင်တွေကို ဆင်ခြင်ရမယ်။ တဖက်က ကလေးနဲ့တူတဲ့ ယောက်ျားလေးကတော့ သူ့မှာရှိတဲ့ အားနည်းချက်ကြောင့် သဘောထားမကြီးနိုင်ပဲ ကလေးတွေလိုပဲ ချော့ရတယ်။
၁၁။ ကောင်မလေးတယောက်ကို ချစ်ကြိုက်မိလို့ ပိုးပန်းပြီဆို ရှိသမျှ အချိန်တွေအားလုံးကို ထုတ်သုံးနိုင်တယ်။ ကောင်မလေးဆီက အချစ်လဲရရော လွတ်လပ်တဲ့အချိန်တွေကို ပိုတန်ဖိုးထားနေတယ်။
၁၂။ ယောက်ျားလေးတွေအားလုံးက သူရဲကောင်းလုပ်ချင်ကြတာချည်းပါ။ သူတို့ကို ရင်ဖွင့်တဲ့ မိန်းကလေးတွေကို ချစ်မိဖို့ ဖြစ်နိုင်ချေ တော်တော်မြင့်ပါတယ်။
၁၃။ သူတို့ဘေးနားမှာရှိတဲ့ မိန်းကလေးတွေကို နားလည်စေချင်တယ်။ ရှိသမျှ နေရာတိုင်းကို ခေါ်သွားရတာ ငြီးငွေ့ဖို့အလွန်ကောင်းပါတယ်။
၁၄။ တခါတလေလဲ သူတို့ အကြောင်းပြချက်မရှိပဲ စိတ်ဓါတ်ကျနေတတ်တယ်။ ဘယ်သူမှမတွေ့ချင်ဘူး (ချစ်သူအပါအ၀င်) ။ အခန်းတွင်းလေးပုန်းနေပြီး စာအုပ်လှန်လိုက်၊ သီချင်းနားထောင်လိုက်၊ ဂိမ်းကစားလိုက်နဲ့ လုပ်ချင်ရာလုပ်နေတတ်တယ်။
၁၅။ ရည်းစားများများထားဖူးတဲ့ ယောက်ျားလေးတွေဆိုသိတယ်။ မိန်းကလေးတွေက မလိမ်လို့ကိုမရတာ။ ဥပမာ- တသက်လုံး နင့်တယောက်တည်းကိုချစ်မယ် တို့ …..
၁၆။ သူမချစ်တော့လို့ လမ်းခွဲလိုက်တဲ့ ကောင်မလေးက သူ့ကိုပဲ ချစ်နေပါသေးတယ်လို့ စိတ်ထဲမှာ တိတ်တိတ်လေး မှတ်ထားလေ့ရှိတယ်။ ဒါကြောင့် လမ်းခွဲပြီးလို့ သူငယ်ချင်းလိုနေနိုင်တယ်။ အဆက်အသွယ်ကို အပြီး မဖြတ်လိုက်ဘူး။
၁၇။ ကောင်မလေး စိတ်ထဲမှာ ကောင်လေးရဲ့ အရင်ရည်းစားအကြောင်း သိချင်မယ်။ ကောင်လေးကျတော့ ပြတ်သွားတဲ့ ကောင်မလေး နောက် ဘယ်ရည်းစားထားမလဲ ဆိုတာကို ပိုသိချင်နေတယ်။ သူငယ်ချင်းဆက်ဖြစ်နေသေးတယ်ဆိုရင် နင့်အခုရည်းစားက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြောတတ်လေ့ရှိတယ်။
၁၈။ ကောင်မလေးတယောက်ကိုချစ်မိရင် အတိတ်ကအရေးမကြီးဘူး။ လက်ရှိကို ချစ်တာ လို့ပြောတတ်တယ်။
၁၉။ ကောင်မလေးတွေရဲ့ အရင်ရည်းစားအကြောင်းပြောတာကို ကောင်လေးတွေ နားမခံနိုင်ဆုံးဖြစ်တယ်။
၂၀။ ဘယ်သူ့ကိုချစ်ရမလဲလို့ ဆုံးဖြတ်ချက်ချရခက်နေတတ်တာ မိန်းကလေးတွေဖြစ်ပြီး ဒီလိုကိစ္စအတွက် ယောက်ျားလေးတွေ ခေါင်းမစားခံဘူ။ တပြိုင်နက် ၂ယောက်လုံးကိုရွေးလိုက်မှာပါ။
၂၁။ သူချစ်တဲ့မိန်းကလေးတယောက်အပေါ် လက်တွဲဖို့ တွန့်တိုလေ့ရှိပြီး မချစ်နိုင်ပဲ ကြိုက်ယုံကြိုက်တဲ့ မိန်းကလေးတယောက်အပေါ် ရဲတင့်လွန်းပါတယ်။
၂၂။ ယောက်ျားလေးတိုင်း အိမ်ထောင်သည်ဘ၀ကိုကြောက်တယ်။ လက်ထပ်တဲ့နောက်ပိုင်း သူ့ချစ်သူ အသွင်ပြောင်းသွားမှာကို လက်မခံချင်တာပါ။
၂၃။ ယောက်ျားလေးတွေပြောတဲ့ လာမယ့် ၆လ၊ ၁နှစ် ကို မိန်းကလေးတွေက ၁၀နှစ်၊ ၁၅နှစ်လို့ ယူဆပြီး ယောက်ျားလေးတွေက အချိန်တိုအတွင်းရင်းနှီးအောင် ကြိုးစားနေချိန်မှာ မိန်းကလေးကတော့ ချစ်မယ်ကြိုက်မယ်လက်ထပ်မယ် ဆံပင်တွေဖြူတဲ့အထိ အတူတူရှိမယ်တွေ စဉ်းစားနေတယ်။
၂၄။ မိန်းကလေးက ပိုပွင့်လင်းပါတယ်။ မိန်းကလေးတယောက်ဆီမှာ သူ့အကြောင်းကောင်းကောင်းသိတဲ့ နောက်ထပ် မိန်းကလေးသူငယ်ချင်းတယောက်ရှိပါတယ်။။ ယောက်ျားလေးကတော့ ပြောတော့ပြောတယ်။ ဒီတယောက်နား နည်းနည်းရင်ဖွင့် ဟိုတယောက်နား နည်းနည်းပြောပြီး ကိုယ်အတွက် မျက်နှာလို မျက်နှာရ ကိစ္စတွေကို ချန်သင့်ရင်ချန်ပြောလေ့ရှိမယ်။ ဒါကြောင့် ယောက်ျားလေးတယောက်အကြောင်းကောင်းကောင်းသိတဲ့ သူ့သူငယ်ချင်းဆိုတာ မရှိပါဘူး။
၂၅။ ယောက်ျားလေးတွေစိတ်ပြောင်းသွားပြီဆိုရင် သင်မလှတော့တာလားလို့ လုံးဝမတွေးလိုက်ပါနဲ့။ သူတို့ငြီးငွေ့ပြီဆိုရင် သင်မှလွဲသောအခြားသော မိန်းကလေးအားလုံး သင့်ထက်လှနေပါတယ်။
မိန်းကလေး သူငယ်ချင်းမိတ်ဆွေနှင့် ညီအမတွေ ဒီ အချက် ၂၅ ချက်ကတော့ ဖြစ်တတ်တဲ့သဘောသဘာဝပါ။ ဒါပေမဲ့ သင်ကိုယ်တိုင် သင့်ဘ၀ကိုလှပအောင်ဖန်တီးလို့ရတယ်။ ကမ္ဘာပေါ်မှာ ကံမကောင်းတဲ့မိန်းမဆိုတာ မရှိပါဘူး။ မပါးနပ်တဲ့မိန်းမပဲရှိပါတယ်။
ယောက်ျားလေးတယောက်ရဲ့ဘ၀ကိုဖျက်ဆီးပစ်ဖို့ဆိုတာ တကိုယ်ကောင်းသိပ်ဆန်ပြီး မနူးညံ့ မပါးနပ်တဲ့ မိန်းကလေးနဲ့ အိမ်ထောင်ကျတာပါ။ ဒီလိုမိန်းကလေးတွေက ပညာတတ်နေပါစေ ယောက်ျားလေးတွေရဲ့ သိက္ခာကို ခြေထောက်အောက်မှာနင်းထားတတ်တယ်။
တဖက်မှာတော့ ကိုယ့်ကိုချစ်တဲ့ယောက်ျားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးကိုကြည့်ရင် မျက်နှာလို မျက်နှာရ တခြားသူကိုလဲ မလုပ်ပြဘူး။ သင့်တော်တဲ့အချိန်မှာ နူးညံ့မယ် ပါးနပ်မယ်။ ဘာကိုမဆို ယောက်ျားလေးကိုသာရှေ့တန်းတင်ပြီး ယောက်ျားလေးရဲ့ စိတ်ထဲမှာ အမြဲရှိနေစေမယ့် ကံကောင်းတဲ့ မိန်းကလေးပဲဖြစ်တယ်။
~ယောက်ျားလေးတွေဆိုတာ အရုပ်မဟုတ်ပါဘူး။ လိုရာ ကြိုးဆွဲပြီး ပြောင်းလဲလို့မရဘူး။
~အချစ်ဆိုတာ လျှပ်စစ်ပစ္စည်းတွေလို စမ်းသပ်ခံမဟုတ်ပါဘူး။
~အချစ်မှာ ညီမျှခြင်း သာထည့်လိုက်ရင် တယောက်ယောက်ကိုသေစေတဲ့အဆိပ်ပါ။
~သူ့ကို နေရာတခုပေးရင် သင့်ကို ကမ္ဘာကြီးတခုလုံးပြန်ပေးမှာပါ။
~သင့်အတွက် သူရဲကောင်းလုပ်ဖို့ ဇာတ်ခုံအမြဲထားပါ။
~ပါးနပ်တဲ့မိန်းကလေးဆိုတာ ရန်ဖြစ်ရင်တောင် ယောက်ျားလေးတွေ သေအောင်ချစ်မှာပါ။
~ကံကောင်းလားကံဆိုးလား မိန်းကလေးတွေပါးစပ်ထဲမှာရှိပါတယ်။
~ကိုယ်ကထင်လိုက်တဲ့ သူ့အတွက်က ငရဲပြည်ကိုသွားတဲ့ ကားလက်မှတ်ဖြစ်နေတတ်ပါတယ်။
~သူ့ကိုဖေးမပေးနိုင်တဲ့ အထွေထွေအတွင်းရေးမှူးနေရာမှာရှိနေပါစေ။ အကြွေးရှင်နေရာမှာ နေရာယူမမှားပါနဲ့။
~ယောက်ျားလေးတွေလိုချင်တာ “ငါနင့်ကိုသိပ်ချစ်တယ်” ဆိုတဲ့စကားအစား “အရမ်းကျေးဇူးတင်တာပါပဲ”။.

No comments: