ရှော့ပင်းစင်တာများတွင် ပထမဆုံးအကြိမ် အေတီအမ် ငွေထုတ်စက် တပ်ဆင်မှုကို ဇန်န၀ါရီ လ ၄ ရက် (လွတ်လပ်ရေးနေ့)က ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စင်တာတွင် စတင်ပြုလုပ်ထားရှိပြီဖြစ် ကြောင်း တော်ဝင်စင်တာ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။ အေတီအမ်စက်များ တပ်ဆင်ခြင်းကို ဈေးဝယ်စင်တာ များ၌ တပ်ဆင်သွားရန် အစီအစဉ်ရှိနေကြောင်း ၂၀၁၁ ခုနှစ်အတွင်းက ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုထားကြပြီး ၂၀၁၂၊ ဇန်န၀ါရီလအတွင်းမှ စတင်တပ်ဆင်လာခြင်းဖြစ်သည်။ " ဒီနေ့ပဲ တပ်ဆင် လိုက်ပါတယ်။ ကမ္ဘောဇဘဏ်ကပါ။ အခြားဘဏ်တွေကတော့ တပ်မလား၊ မတပ်သေးဘူးလားဆိုတာကို မသိရ သေးပါဘူး။ ဒီနေ့ပဲ စပြီး ငွေထုတ်လို့ရနေပါပြီ" ဟု တော်ဝင်စင်တာမှ အုပ်ချုပ်ရေးမှူး ကိုအုပ်စိုးမောင်က ပြော ကြားသည်။ လွတ်လပ်ရေးနေ့က ဈေးဝယ်စင်တာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးသော လွတ်လပ်ခြင်းအနုပ ညာပွဲတော် ဆုချီးမြှင့်ပွဲရှိနေပြီး ယင်းနေ့တွင် အချိန်ကိုက် ဖွင့်လှစ်သည်။ " ဈေးဝယ်စင်တာထဲမှတော့ ကျွန်တော်တို့က ပထမဆုံးပါပဲ" ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ကမ္ဘောဇဘဏ်၏ သတင်းများအရ တော်ဝင်စင်တာအပြင် အခြားသော လူဝင်လူထွက်များ သည့်ဈေးဝယ်စင်တာများတွင်လည်း ယခုလအတွင်း ထပ်မံတပ်ဆင်သွားဖွယ်ရှိနေသည်ဟု သိရကာ လက်ရှိ တါင် ကမ္ဘောဇဘဏ်အနေဖြင့် ရန်ကုန်ဘဏ်ခွဲခုနစ်ခုတွင် ATM စက်များ တပ်ဆင်ပြီးထားပြီဖြစ်ကြောင်း သိရ သည်။ ယင်းအပြင် နယ်မြို့များရှိ ဘဏ်ခွဲများတွင်လည်း ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များကို အေတီ အမ်စက်တပ်ဆင်အသုံးပြုနိုင်ရန်အတွက် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment