Thursday, July 31, 2014

ကျောက်ကပ်ကျန်းမာရေးအတွက် စားသင့်တာတွေ

 
အစားအသောက်ရှောင်ရ တဲ့ ကျောက်ကပ်ဝေဒနာရှင်တွေ စားသင့်တဲ့စူပါအစားအစာတွေ အကြောင်း မျှဝေချင်ပါတယ်။ ဒီအစားအစာတွေက လူတိုင်း အတွက် အကျိုးပြုတာကြောင့် မိသားစုတိုင်း ကျန်းမာစွာ စားနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။
အနီရောင်ငရုတ်ပွသီး
ဗီတာမင်အေ၊ စီ၊ ဘီ၊ သံ ဓာတ်၊ အမျှင်ဓာတ်ပါဝင်ပြီး ကင် ဆာရောဂါကာကွယ်နိုင်တဲ့အာနိ သင်ပါရှိပါတယ်။
ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်
ဗီတာမင်အေ၊ စီ၊ ဘီ၊ အမျှင်ဓာတ်၊ သံဓာတ်တွေပါဝင် ပြီး ကျောက်ကပ်သမားတွေရဲ့ နေ့စဉ်စား စာရင်းထဲထည့်ထားရ မှာပါ။ ဂေါ်ဖီပန်းပွင့်မှာပါတဲ့ဒြပ် ပေါင်းက အသည်းအတွက်လည်း ကောင်းကျိုးပြုပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ရောင်ရမ်းတာတွေနဲ့   ကို လက်စထရောကျဖို့   အတွက် ကောင်းတဲ့ကြက်သွန်ဖြူကလည်း ကျောက်ကပ်ဝေဒနာရှင်တွေ လက်စွဲထားရမှာပါ။ ကြက်သွန်နီ ကလည်း သွေးကြောထဲက အဆီ ခဲတာတွေကို ကာကွယ်ပေးနိုင်ပါ တယ်။
ပန်းသီး၊ ဘလူးဘယ်ရီ၊
စတော်ဘယ်ရီ
ပန်းသီးတစ်လုံးနေ့တိုင်းစား ရင် ဆရာဝန်မလိုဘူးဆိုတဲ့စကား အတိုင်း ရောဂါပေါင်းစုံကိုကာ ကွယ်ပြီးသားဖြစ်စေမှာပါ။ ဘယ် ရီသီးတွေကတော့ ကင်ဆာကာ ကွယ်ပေးလို့ ဘယ်ရီသီးတိုင်းလို လိုစားပေးသင့်ပါတယ်။
အနီရောင်စပျစ်သီး
  နှလုံးရောဂါအတွက်ပါ ကောင်းကျိုးပြုပြီး သွေးကြောပိတ် တာတွေမဖြစ်အောင်လည်း ကာ ကွယ်ပေးပါတယ်။ သွေးလည် ပတ်မှုအားကောင်းစေပြီး ကင် ဆာရောဂါတွေကိုလည်း ကာ ကွယ်ပေးနိုင်ပါတယ်။
ကြက်ဥအကာ
ကြက်ဥအနှစ်တွေ၊ အသား တွေထက် အသားဓာတ်အပြည့်ပါ တဲ့အတွက် စားပေးသင့်ပါတယ်။
ငါး
ဆီးချို၊ သွေးချို၊  နှလုံး၊ ကျောက်ကပ်အတွက် အကောင်း ဆုံးအစားအစာဖြစ်ပြီး တစ်ပတ် မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် စားပေးသင့်ပါတယ်။
သံလွင်ဆီ
ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိအမြင့်မားဆုံး   ပါဝင်တဲ့ အတွက်   ဟင်းချက်ရာမှာပဲဖြစ် ဖြစ်    အသီးအရွက်သုပ်တဲ့အခါ ပဲဖြစ်ဖြစ် စားပေးရမှာပါ။
—Ref: healthdigezt.com


No comments: