ပြင်ဦးလွင်မြို့ရှိ
အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ဖွင့်လှစ်ထားသောလိပ်ပြာပြတိုက်၌
မြန်မာပြည်ရှိ လူသူအရောက်အပေါက်နည်းသောဒေသများမှ
ရှားပါးလိပ်ပြာများအပါအ၀င်အိမ်နီးချင်းနိုင်ငံအချို့မှ လိပ်ပြာများ
အမျိုးပေါင်း ၁၅၀၀ ပြသထားကြောင်း လိပ်ပြာပြတိုက် တာဝန်ခံဒေါ်နန်းသိင်္ဂီက 7 Day
News နှင့် တွေ့ဆုံစဉ်ပြောကြားသည်။
“ပြတိုက်မှာ တောင်အမေရိက၊ အာဖရိက၊ အင်ဒိုနီးရှား၊ ထိုင်း၊တရုတ်၊ ဂျပန်နဲ့ တရုတ် (တိုင်ပေ) နိုင်ငံတွေက လိပ်ပြာတွေပြသထားပါတယ်။ မြန်မာနိုင်ငံက ကချင်ပြည်နယ်ပူတာအိုဒေသက လိပ်ပြာတွေကိုအများဆုံး ပြသထားပါတယ်။ ကမ္ဘာပေါ်မှာ အရမ်းကိုရှားနေပြီဖြစ်တဲ့Parnassius Imperator မျိုးစိတ်နဲ့ Phutantis Lidderdalii မျိုးစိတ်နှစ်မျိုးကို ဒီပြတိုက်မှာ ပြသထားပါတယ်” ဟု ၎င်းကပြောကြားသည်။ ယင်းပြတိုက်ကို ထူးဖောင်ဒေးရှင်းက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး အတွင်း အလျားပေ ၅၀နှင့်အကျယ် ၁၅၇ ပေ၊ စုစုပေါင်း ၇၈၅၀ ပေရှိသည့် အဆောက်အအုံဖြင့် ဖွင့်လှစ်ခဲ့သည်။
ယင်းပြတိုက်ကို နိုင်ငံတကာမှ လိပ်ပြာပညာရှင်များ မြန်မာ့လိပ်ပြာမျိုးစိတ်များကို တစ်နေရာတည်းတွင် လေ့လာသုတေသနပြုလုပ်နိုင်ရန်၊ လိပ်ပြာပညာရှင်များ ပေါ်ထွန်းလာစေရန်နှင့် သုတေသနပြုရာ နေရာတစ်ခုအဖြစ် အထောက်အပံရစေရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြတိုက်အတွင်း ဓာတ်ပုံရိုက်ကူးခြင်းကို ကန့်သတ်ထားပြီး ရိုက်ကူးရန်လိုအပ်ပါက လိပ်ပြာများမှာ မီးရောင်ကြောင့် အရောင်ပြောင်းနိုင်သဖြင့် ဖလက်ရှ်မီးကို ပိတ်၍ရိုက်ရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် လိပ်ပြာပြတိုက် အတွင်းရှိရှားပါးလိပ်ပြာများကို တွေ့ရစဉ်။

No comments:
Post a Comment