Monday, January 30, 2012

စွန့်ပစ်ပစ္စည်းများမှနေ၍ ငှက်ဖျားရောဂါကု ဆေးဝါးကို ဂျာမန်ပညာရှင်များ ထုတ်လုပ်



ဂျာမနီနိုင်ငံ သုတေသန ပညာရှင်များသည် စွန့်ပစ်ပစ္စည်းများနေ၍ ငှက်ဖျားရောဂါကို ဆေးဝါးပမာဏ အမြောက်အမြားကို လွယ်ကူစွာ ဈေးပေါသော နည်းလမ်းဖြင့် ထုတ်လုပ်နိုင်သည့် နည်းလမ်းကို တွေ့ရှိခဲ့ကြောင်း ဇန်နဝါရီလ ၁၇ရက်နေ့တွင် ကြေညာခဲ့သည်။ ကမ္ဘာပေါ်တွင်


ထိရောက်လုံလောက်သော ဆေးဝါးမရှိခြင်းကြောင့် ငှက်ဖျားရောဂါကြောင့်


နှစ်စဉ်လူပေါင်း တစ်သန်းခန့် သေဆုံးနေရသည်။ ငှက်ဖျားရောဂါကို ထိရောက်စွာ ကုသနိုင်သည့် အာတီမီစီနင် ဆေးဝါးထုတ်လုပ်ရန် အပင်တစ်မျိုးမှာလည်း တရုတ်၊ ဗီယက်နမ်နှင့် အခြားနိုင်ငံ အနည်းငယ်တို့၌သာ စိုက်ပျိုးနိုင်သည်။
သို့သော် ဂျာမနီနိုင်ငံမှ ပညာရှင်များသည် အာတီမီစင်းနစ် အက်စစ်ကို အသုံးပြုကာ ဓာတ်ခွဲခန်းအတွင်း၌ အာတီမီစီနင်ကို ထုတ်လုပ်နိုင်သည့် ရိုးရှင်းသော နည်းလမ်းကို တွေ့ရှိခဲ့သည်။ အာတီမီစင်းနစ် အက်စစ်သည် Sweet Wormwoods ဟုခေါ်သော အပင်မှနေ၍ အာတီမီစီနင်ကို ထုတ်ယူရာတွင် ထွက်ရှိလာသော ဘေးထွက်ပစ္စည်းဖြစ်သည်။ ယင်းစွန့်ပစ်ပစ္စည်းကို ဆေးဝါးအဖြစ် ပြန်လည်ထုတ်ယူနိုင်သည့် နည်းလမ်းကို ဂျာမန်သုတေသန ပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

No comments: