Sunday, March 18, 2012

မိုးသက်လေပြင်း တိုက်ခတ်မည့် သတိပေးချက်


မြန်မာနိုင်ငံ အရပ်ရပ်တွင် အနောက်တောင်မုတ်သုံရာသီ မကျရောကမီ ကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ 



တစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မုတ်သုံရာသီ မကျရောက်မီ ကာလအတွင်း ဖြစ်ပေးလာနိုင်သည့် မိုးလေ၀သ ဖြစ်စဉ်များအား အထူးဂရုပြု နေထိုင်သွားကြပါရန် သတိပေး နှိုးဆော်ထားကြောင်း သိရှိရသည်။

No comments: