Monday, March 26, 2012

သံဃာတော်တပါး NLD ကို မထောက်ခံဖို့ နေ့ စဉ် အသံချဲ့ စက်နဲ့ အော်နေ

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာ ကျောင်းထိုင်ဆရာတော်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မထောက်ခံဖို့ ဒေသခံလူထုကို နေ့စဉ်အသံချဲ့စက်နဲ့အော်ပြီး တားဆီး ပြောဆိုနေတယ်လို့ သိရပါတယ်။

အဖွဲ့ချုပ်ဝင်တွေလာရင် ထွက်မကြိုကြဖို့နဲ့ အန်အယ်ဒီဟာ ကျေး ရွာပြည်သူလူထုအတွက် ဘာတခုမှ လုပ်ပေးတာမရှိဘူး စသဖြင့် ရွာသားတွေကို နေ့တိုင်းဟောပြော နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက ပြောပါ တယ်။
ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီက အဲဒီဆရာတော်ကို ငွေ ၁၅ သိန်းနဲ့ မီးစက်တလုံး သွားရောက် လှုဒါန်းခဲ့ပြီးတဲ့နောက်၊ အခုလို နေ့စဉ်ဟောပြောနေတာလို့ သိရပါတယ်။ ဒီလိုဘက်လိုက်မဲဆွယ် ဟောပြောနေမှုကို မြို့နယ်သံဃာ့မဟာနာယကအဖွဲ့ထံ တိုင်ကြားထားကြောင်း အဖွဲ့ချုပ်ကိုယ်စားလှယ် လောင်း ဦးနိုင်ငံလင်းက ပြောပြခဲ့ပါတယ်။
တချိန်ထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီပါတီကိုယ်စားလှယ်လောင်း
တွေဟာ နေပြည်တော် မဲဆန္ဒ နယ်လေးခုအနက် အနဲဆုံးနှစ်ခုလောက်မှာတော့ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ နေပြည် တော်မှာ ပါတီမဲအောင်နိုင်ရေးဆောင်ရွက်နေတဲ့ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ခန့်မှန်းပြောဆိုပါတယ်။ 
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အန်အယ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီတို့ နေပြည်တော်မှာ ပြိုင်ဆိုင်မှုပြင်းထန်လိမ့်မယ်လို့ အများက ဝေဖန်ပြောဆိုနေချိန်မှာဘဲ ဒေါက်တာမြတ်ဥာဏစိုးရဲ့ အခုလို ခန့်မှန်းချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီဗွီဘီ (ဖေ့စ်ဘုတ်)

No comments: