Saturday, April 7, 2012

မြစ်ဆုံဆည်တည်ဆောက်ရေးကိုလက်ရှိ အစိုးရလက်ထက် ရပ်နားထားမည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ထပ်မံပြောကြား

ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI)

ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နေပြီဆိုသည့် သတင်းများ ယခုတလော ထွက်ပေါ်လျှက်ရှိရာ မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းများလက်ရှိ အစိုးရလက်ထက်တွင် ရပ်နားထားမည်ဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် ကေအန်ယူနှင့် အစိုးရ အကြားငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦး၏ အမေးကို လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ပြောကြားလိုက်သည်။
Yangon Press International 

No comments: