Kachin War Refugees ,By Jade Land
ကချင်မှာ နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်နေပြီး ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဆီ
အကူအညီ မရောက် ကချင်ပြည်နယ်က တိုက်ပွဲ တွေကြောင့် ၀ိုင်းမော်မြို့နယ်
အတွင်းက တိမ်းရှောင်နေတဲ့ ဒုက္ခသည် ၄၀၀၀ လောက် လမ်းပမ်း ဆက်သွယ်ရေးနဲ့
လုံခြုံရေး အခြေအနေကြောင့် အကူအညီ မရသေးတာ အများအပြား ရှိနေတဲ့ အကြောင်း
ကေအိုင်အို ဒုက္ခသည်အရေး တာဝန်ခံ ဆရာဒွဲပီစက ပြောပါတယ်။
Kachin IDPs and Refugees in China-Burma Border , By Jade Land
မကြာခင် ကျရောက်လာတော့မယ့် မိုးတွင်းရာသီ အတွက် အခုထိ ဘာမှ
မပြင်ဆင်ရသေးသလို အစိုးရတပ်က စစ်ရေး ပြင်ဆင်နေတာကြောင့် အဲဒီဒေသမှာ အကူအညီ
မရသေးတဲ့ ဒုက္ခသည် တွေအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။
(မိုးတွင်းလဲ ရောက်ပီ တချို့နေရာမှာဆို တဲတွေကို လုံလုံခြံခြုံ
မဆောက်ပေးနိုင်ဘူး ပြန်ပြင်ဖို့ရယ် နောက် လုပ်ရမဲ့ဟာတွေကလဲ အများကြီး။
ကျောင်းကိုလဲ ဆောက်ရမယ်။ ဆေးရုံ ဆေးပေးခန်းတွေ ဆောက်ရမယ်။ စီတော့
စီစဉ်ပါတယ်။ ဒါပေမဲ့ ငွေရေးကြေးရေး အခက်အခဲတွေရှိတယ်။ အစိုးရတပ်တွေက
အားလုံး စစ်ရေးပြင်ဆင်နေတဲ့ သဘောရှိတယ်။ တကယ်လို့များ တိုက်ပွဲ
ကြီးများပြန်ဖြစ်လာရင် စစ်ဘေး ဒုက္ခသည်တွေ အတွက် စိတ်ပူပန် ရတာပေါ့)
အခုအခါ ကေအိုင်အိုနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ နေ့စဉ်
လိုလိုဖြစ်နေတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကလည်း
ပြောပါတယ်။
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ အကူအညီ ပေးခဲ့တဲ့ နေရာတွေကတော့ နယ်ခြား
မှတ်တိုင် အမှတ်ဂ ၊ မန်စီမြို့နယ် အင်ပါဘာ ဒေသနဲ့ မိုင်ယာန် ဒေသတွေမှာ
ဖြစ်ပါတယ်။
စစ်ပြေး ဒုက္ခသည်တွေကို ကုလသမဂ္ဂလက်အောက်အဖွဲ့တွေ ကူညီတာ ၂ကြိမ်
ရှိသွားပါပြီ။ နောက်ထပ်လည်း ယူအင်န်က အကူအညီပေးဖို့ အခုရက်ပိုင်း
လေ့လာသွားတာ ရှိပေမဲ့ တရုတ်နိုင်ငံဘက် ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ အတွက်တော့
မပါဘူးလို့ သူကပြောပါတယ်။
Copy from - RFA Burmese
Copy from - RFA Burmese
No comments:
Post a Comment