ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များကို ဧပြီလ၂ရက်နေ့မှစတင်ကာ မြိုနယ်တစ်ခုလျှင် အုပ်စုအေ၊ ဘီ၊စီ ဟူ၍ ၆ နာရီခြားတစ်ခါ အလှည့်ကျမီးပေးခဲ့ရာမှ ယခုလ၆ရက်နေ့မှ စတင်ပြီး ညလုံးပေါက် မီးအပြည့်အဝ ပြန်လည် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ယနေ့ ညနေ ၃ နာရီတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထုတ်လုပ်မှုညီမျှလုံလောက်မှုမရြှိ
“ အခုရက်ပိုင်း လျှပ်စစ်မီးက အလှည့်ကျပေးတော့ စက်မှုဇုန်တွေမှာ ကုန်လုပ်စွမ်းအားတွေပြန်ကျနေ တယ်။ ဒါပေမဲ့ သူတို့ ပေးတဲ့အတိုင်းပဲ ကျေနပ်ရမှာပါ “ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုအသင်
မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ထက်ဝက်ကျော်ရှိသော ရန်ကုန်မြို့ တော်တွင် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ အချိန်ပိုင်း စနစ်ဖြင့်သာ လျှပ်စစ်ဓါတ်အား ဖြန့်ဝေနိုင်တော့မည်ဖြစ်ကြောင်း
လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု မှာ မြင့်တက်လာခြင်းမရှိဘဲ သုံစွဲမှုမှာ သိသိသာသာ တိုးတက်လာခြင်းကြောင်း ယခုကဲ့သို့အချိန်ပိုင်းဖြင့်သာ မီးပေးရကြောင်း ၎င်းက ဆက်ပြောသည်။
ရေအားလျှပ်စစ်ကိုသာ အဓိက ထုတ်ယူသုံးစွဲနေရသော မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လျှပ်စစ်ဓါတ်အားရရှိမှုမှာ ၁၀၇၀ ဒသမ ၆ မဂ္ဂဝပ် ရှိပြီး၊ ရန်ကုန်မြို့ တွင် သုံးစွဲသော မဂ္ဂဝပ်စုစုပေါင်းမှာ ၅၂၉ ဒသမ ၄ ရှိကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
No comments:
Post a Comment