Wednesday, April 18, 2012

မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း မြန်ဆန်လာဖွယ်ရှိဟု အာရှဖွံ့ဖြိုးရေးဘဏ်ဆို

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း မြန်ဆန်လာဖွယ်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ဧပြီလ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ တိုးတက်မှုနှုန်း ခြောက်ရာခိုင်နှုန်းရှိမည် ဟု အာရှဖွံ့ဖြိုးရေးဘဏ်ကခန့်မှန်း ထားပြီး ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ရာမှ အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။ 
ယခုကဲ့သို့ မြန်မာ့စီးပွားရေး အား တိုးမြှင့်ခန့်မှန်းရခြင်းမှာ မကြာသေးမီက အကောင်အထည်ဖော်ခဲ့သည့် မူဝါဒအပြောင်းအလဲများနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု များလာခြင်းကြောင့်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တိုးတက်မှု အဓွန့်ရှည်စေရန်နှင့် ပြည်သူများ တိုးတက်မှုကို ခံစားရရှိစေရန် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို အရှိန်မြှင့်ဆောင်ရွက်ရန်နှင့် ပညာရေး၊ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်လိုကြောင်း အဆိုပါဘဏ်အရာရှိတစ်ဦးက ဆိုသည်။
 Eleven Media Group

No comments: