Saturday, February 25, 2012

တစ်ခါ အိပ်လျှင်(၂၃) နာရီ အထိ အိပ်တတ် ပြီး တစ်နေ့ (၂၅) ကြိမ် အနိမ့် ဆုံး လဲကျတတ် သော ကလေးငယ်

အအိပ်ကြီးသောကလေးငယ်(၂၁) ရာစုတွင် ရုပ်ဝတ္ထု ပစ္စည်း ပိုင်းတိုးတက် မှု အတိုင်း အတာမှာ အတော်ပင် ခရီးရောက်နေပြီဖြစ်ရာ ယခင်ကာလများဆီဝယ် စိတ်ကူပင်မ ယဉ်ခဲ့ဖူးသော နောက်ဆုံးပေါ်ပစ္စည်းများ က မျက်စိရှေ့မှောက်သို့ ရောက်ရှိလာ ခဲ့နေပါပြီ။ ထို့အတူ ယခင်က မကြား


ဖူးခဲ့သော ရောဂါဝေဒနာခံစားနေကြရမှု၊ ဖြစ်ပွားနေမှုများကလည်း ခေတ်နှင့်အ ညီဟုဆိုရလောက်အောင် တစ်နေ့တ ခြားတိုးပွားလာလျက်ရှိနေပြန်ပါသည်။ ယခုဆိုလျှင်လည်း အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှ ရီဆီဝီလျံအမည်ရ (၇) နှစ်အရွယ် ချာတိတ်တစ်ဦးမှာအလွန် ရှားပါးလွန်းလှသည့် (Narcolepsy) ခေါ်အိပ်စက်ခြင်း ပုံမမှန်သည့် ရောဂါ တစ်မျိုးကြောင့် ထူးခြားသော ဝေဒနာ လက္ခဏာများကိုခံစားရလျက်ရှိသည်။ ထိုဝေဒနာများမှ အိပ်စက်ရာ၌ (၂၃) နာရီအထိ အိပ်စက်လေ့ရှိတတ်ခြင်း၊ နေ့စဉ်ကလေးတို့သဘာဝပြေးလွှား ဆော့ကစားရင် စိတ်လှုပ်ရှားများလွန်း ခြင်း၊ ရယ်မောစရာကြုံတွေ့ရခြင်း၊ ရုတ် တရက်အံ့အားသင့်ခြင်းနှင့်ဒေါသထွက် ခြင်းများဖြစ်သည်နှင့်အရုပ်ကြိုးပျက်လဲကျ ခြင်းများ (၂၅) ကြိမ်အထိဖြစ်လေ့ရှီ ခြင်းများဖြစ်သည်။ ထို့ကြောင့်မိဘနှစ်ပါး မှာ သားငယ်လေးအား ဘာမင်ဂမ်ဆေး ရုံသို့ ၃ ကြိမ်သွားရောက်ပြသခဲ့ကြရာ (၃)ကြိမ်စလုံးတွင်ဆရာဝန်များက ရီဆီ မှာဗိုင်းရပ်စ်တစ်မျိုးကြောင့်ပင်ပန်းနွမ်း နယ်လွန်းသဖြင့် ယင်းသို့ ဝေဒနာခံစား နေရခြင်းဟုသာ ကောက်ချက်ဆွဲခဲ့ကြ ပါသည်။ ဆရာဝန်များက ရီဆီထံတွင် ဦးနှောက်အမှေးရောင်ရောဂါ (mebubgitis) နှင့်သွေးကင်ဆာ (leukaemia) ရောဂါများရှိမရှိစမ်းသပ် ခဲ့ကြသော်လည်း မရှိဟုသာအဖြေထွက် ခဲ့၏။ စိုးရိမ်ခဲ့ကြရသည့်အချက်မှာ ရီဆီ ထံတွင် (Encephalitis Lethargica) ခေါ်အိပ်ချင်လွန်းသည့်ရောဂါရှိနေနိုင်ခြင်း ပင်ဖြစ်သည်။ ထိုရောဂါခံစားရသူမျးမှာ အဓိကအားဖြင့်ဦးနှောက်ကိုတိုက်ခြင်း ခံရလေ့ရှိကာ ဆိုးဝါးလာပါက ကျောက် ရုပ်တုကဲ့သို့ မလှုပ်မရှားနိုင်ဖြစ်တတ် ခြင်း၊ စကားမပြောနိုင်၊ မလှုပ်မရှား နိုင်ခြင်းများ ဖြစ်တတ်ရာ ရီဆီအတွက် စိုးရိမ်ခဲ့ကြရသည်။ ရီဆီ၏ အတန်းပိုင်ဆရာမက လည်း "ကလေးကတော်တော်လေးကို သနားဖို့ကောင်းလွန်းပါတယ်ရှင်"စာ သင်ရင်းနဲ့ ရုတ်တရက်အိပ်မောကျ သွားတတ်တော့ ကျောင်းသင်ခန်းစာ တွေမှာနောက်ကျတာပေါ့။ အစပိုင်း တော့ကျွန်မကမသိဘဲဆူဖို့သတိပေးဖို့ လုပ်ခဲ့သေးတာလေ။ နောက်မှ ဝေဒနာ ရှင်လေးမှန်းသိမှပဲ သွားလိုက်ရတာ လေ"ဟုပြောပြခဲ့ပါသေးသည်။ ရီဆီအား စတင်ကုသကာစတွင် ဆရာဝန်က မျဉ်းတစ်ဖြောင့်တည်းလမ်း လျှောက်ခိုင်းခဲ့ရာ မလျှောက်နိုင်ခဲ့။ အရက်မူးသမားတစ်ယောက်ကဲ့သို့ ဒယိမ်းဒယိုင်ဖြစ်နေခဲ့ကြောင်း မိခင်က ပြောပြသည်။ သားဖြစ်သူ၏ ရောဂါဝေ ဒနာကိုသိရှိစေရန် ဖခင်ဖြစ်သူလုစ်ဝီလျံ က အင်တာနက်တွင်ရှာဖွေခဲ့ရာမှ ရှား ပါးထုးခြားသော အိပ်စက်ပုံဝေဒနာ (norcolepsy) အကြောင်းတွေ့ရှိခဲ့ တော့သည်။ နေ့စဉ်နှင့်အမျှဆိုသလို ရောဂါဝေဒနာခံစားနေရသော သားငယ် ရီဆီ၏ လှုပ်ရှားမှုမှတ်တမ်းကို ဝီလျံ ရိုက်ကူးပြီး ဆရာဝန်များထံပြသခဲ့ရာမှ တစ်ဆင့် ရီဆီ၏အိပ်စက်မှုအစီအစဉ် (Sleep patterns) ကိုအံ့အားသင့်ဖွယ် ရာတွေ့ရှိလိုက်ရသည်။ လူသာမန်များအဖို့ အိပ်မောအကျ ဆုံးအခြေအနေသို့ရောက်ရန် မိနစ်(၄၀) ကြာမြင့်တက်သော်လည်း ရီဆီမှာမူ (၁၉) စက္ကန့်အတွင်းအိပ်မောကျနေရာ စဉ်းစားရကျပ်ခဲ့ရပါပြီ။ ပဋီဇီဝဆေးမျိုးစုံ နှင့်ကုသသော်လည်း အခြေအနေမှာ တိုး တက်လာခြင်းမရှိခဲ့ရာ Xyerm ဆိုသော နေ့ခင်းဘက်အိပ်ချိန်များနေသည့်လူနာ များတွင်အသုံးပြုသည့်ဆေးဝါးတစ်မျိုးနှင့် စွန့်စားရတော့သည်။ ညဘက်တွင်(၃) ကြိမ်သောက်ရသော ထိုဆေးကြောင့် ရီဆီမှာယခုဆိုလျှင်အကောင်းပကတိနီး ပါးကျန်းမာခဲ့ပြီဖြစ်ကာ ゞင်းဝါသနာပါ သော ဘောလုံးကစားခြင်းကို အ ကောင်းဆုံးကစားနေနိုင်ပြီဖြစ်သည်။ ]ဒါဟာ ကျွန်တော်တို့အတွက် ကမ္ဘာသစ်တစ်ခုရောက်လာခဲ့သလိုပါပဲ။ ရီဆီလေးကို အကောင်းအတိုင်းမြင်ရ တာလောက်ဝမ်းသာပီတိဖြစ်ရတာမရှိ တော့ပါဘူး။ အက်စတွန်ဗီက အသင်းကို အရမ်းကြိုက်တဲ့ ရီဆီလေးအဖို့ သူကြိုက်တဲ့ ဘောလုံးသမားတွေပုံစံ အတိုင်းလိုက်လံကစားနေနိုင်ပါပြီ}ဟု ဖခင်လုစ်ဝီလျံက ဆိုခဲ့သည့်စကားများ အတိုင်း ချာတိတ်ကလေးရီဆီ၏ အနာ ဂတ်မှာအလွန်တရာပင်လှပမှုများနှင့် ပြည့်စုံနေပြီဖြစ်သည်။ Facts-What is Narcolepsy narcolepsy ဆိုသည်မှာပင်မအာ ရုံကျောစနစ်ထိခိုက်သော ဝေဒနာဖြစ် ပြီး နှစ်စဉ်ကမ္ဘာအနှံ့၌ လူ(၂)သန်းမျှ ခံစားလျက်ရှိသည်။ -အဓိကရောဂါလက္ခဏာမှာနေ့ ခင်း ဘက်အိပ်ချိန်များပြားခြင်းဖြစ်ကာ ယင်းရောဂါဝေဒနာရှင်များ၏ (၇၀) ရာခိုင်နှုန်းမှာ (Cataplexy) ဟုဆိုသည့်ြွကက်သားများ ရုတ်ချည်းအားပြတ်ခြင်း ကိုပါပူးတွဲခံစားရသည်။ -ရီဆီမှာအဆိုပါ ဝေဒနာနှစ်မျိုး စလုံးကို ခံစားခဲ့ရသူဖြစ်သည်။ -ဝေဒနာရှင်များမှာ ၅မိနစ်အတွင်း အိပ်မောကျလေ့ရှိကြကာ သာမန်လူများ တွင်မူ (၄၁) မိနစ်မှအိပ်မောကျလေ့ရှိ သည်။ -ယင်းဝေဒနာရှင်မျိုးဗြိတိန်တွင် (၃၁çဝ၀၁) ရှိကာ အမေရိကန်တွင် (၁၂၅çဝ၀၁) အထိရှိကြောင်းသိရသည်။

No comments: