Sunday, January 22, 2012

RFA ရုပ်မြင်သံကြား အစီအစဉ် မြန်မာပြည်မှာ ကြည့်နိုင်ပြီ

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်ပြီး ရုပ်သံလွှင့် အစီအစဉ်ကို RFA ဝက်ဘ် စာမျက်နှာတွေပေါ်မှာ တင်ဆက်ခဲ့ပြီးနောက်၊ ရှေ့ခြေလှမ်းသစ် တစ်ရပ် အဖြစ် ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်ပြီး TV RFA ရုပ်မြင်သံကြား အစီအစဉ်တွေကို ထုတ်လွှင့်နေပါပြီ။


အပတ်စဉ် တနင်္လာနေ့ ကနေ သောကြာနေ့၊ ညစဉ် မြန်မာစံတော်ချိန် ၈ နာရီခွဲမှ ၉ နာရီအထိ ဂြိုလ်တုက တဆင့် နာရီဝက်ကြာ ဖမ်းယူ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ဒီ ရုပ်မြင်သံကြား အစီအစဉ်မှာ နေ့စဉ် သတင်းတွေ၊ တွေ့ဆုံ မေးမြန်းခန်းတွေနဲ့ တခြား စိတ်ဝင်စားဘွယ် ကဏ္ဍ အဖြာဖြာကို ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။
RFA ရုပ်မြင်သံကြား အစီအစဉ်တွေကို ApStar APR2R ဆက်သွယ်ရေး ဂြိုလ်တုကနေ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။
ဆက်သွယ်ရေး ဂြိုလ်တု တည်ရှိရာ လမ်းညွန်ချက်က ၇၆.၅ ဒီဂရီ အရှေ့ (76.5 degrees East) နဲ့ Band က C band ဖြစ်ပြီး Transponder က 6 A, Downlink frequency က 3840 Horizontal, Symbol Rate SR က 27500 နဲ့ FEC Rate က 3/4 ဖြစ်ပါတယ်။

No comments: