Sunday, January 22, 2012

ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုအတွက် အလေးထား ဆောင်ရွက်သွားမည်ဟု ဦးသိန်းစိန်ပြော

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန်ပို့စ်မှ အကြီးတန်း အယ်ဒီတာ Ms.Eizabeth Graham Weymouth နှင့်အဖွဲ့အား ဇန်န၀ါရီ ၁၇ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကာ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုအတွက် အလေးထား ရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်


ဝါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတ အနေနှင့် ပြည်ပမီဒီယာတစ်ခုကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့လည်း တက်ရောက်ခဲ့ကြသည်
တွေ့ဆုံမေးမြန်းသူ Ms.Eizabeth Graham Weymouth က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး မြန်မာနိုင်ငံ အတွင်း ပြုပြင် ပြောင်းလဲမှုများ အတွက် အရင်းခံတွန်းအားကို သိလိုကြောင်း မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများအတွက် တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြင်းပြနေသော ပြည်သူတို့၏ဆန္ဒက တွန်းအားဖြစ်ကြောင်း ဖြေကြားခဲ့သည်

No comments: