Wednesday, March 14, 2012

တက္ကသိုလ်ဝင် မေးခွန်း ကောလာဟလ ပညာရေး ဒုတိယ ဝန်ကြီး ပြတ်ပြတ်သားသား ငြင်းဆို

တက္ကသိုလ် ဝင်တန်း မေးခွန်းလွှာ တစ်ခုကို ငွေကျပ် သိန်းချီ၍ ဈေးကွက် အတွင်း လိုက်လံ
ရောင်းချနေမှု များရှိနေသည် ဟု ပညာရေး အသိုင်းအဝိုင်းကြား သတင်းများ ထွက်ပေါ်လျက် ရှိသည်။ရန်ကုန်မြို့ရှိ ကျောင်း သား မိဘ တစ်ဦးက ”နှစ်တိုင်း လည်း ဒါမျိုးတွေက သတင်း
ပုံမှန် ထွက်နေတာပဲ။ ဒါပေမဲ့ ဒီသတင်းကိုတော့ ကျောင်းသားနဲ့ မိဘတော်တော်များ များ ကတော့ အနည်းနဲ့အများ စိတ်ဝင်စားမှု ရှိနေကြလို့ ဒီ သတင်းတွေက မရိုးနိုင်အောင် နှစ်စဉ် ထွက်နေတာပဲ” ဟု ပြောသည်။


တိကျ ရေရာစွာဖြင့် စုံစမ်းမှုကို ပေါ်ပြူလာနယူးစ်မှ ပြုလုပ်ခဲ့သော်လည်း ကောလာ ဟလသတင်း
မျိုးသာ ဖြစ်နေသည်ကို တွေ့ရှိရပြီး ထိုသတင်းများ ထွက်ပေါ်ရာ အစ မှာ ပျောက်ကွယ် နေခဲ့
သည်။၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ မေးခွန်းလွှာကို စနစ်တကျ ထုတ်ထား ပြီးလည်း ဖြစ်သဖြင့် လုံးဝ မေးခွန်း ပေါက်ခြင်း ရှိမည် မဟုတ်ဟု ပညာ ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဆိုသည်။”စနစ်တကျနဲ့ လုပ်ထားတဲ့ လုပ်ငန်း တစ်ခုမှာ အမှားအ
ယွင်း အတိမ်းအစောင်း ဆိုတာ မရှိဘူး။ စိတ်ချ၊ ဒီလိုမျိုး လုံးဝ မရှိစေရဘူး” ဟု ဒုတိယ ဝန်ကြီးက ပြောသည်။တက္ကသိုလ် ဝင်တန်း မေးခွန်းလွှာကို သုံးနှစ်တိုင်တိုင် မေးခွန်း ထုတ်ခဲ့သူ
အဖြစ် ပါဝင်ခဲ့သူ ပါမောက္ခ ဒေါက်တာ ထွန်းခင်က ”မဖြစ်နိုင်ပါဘူး။ မေးခွန်း စထုတ်တဲ့ အချိန် က စပြီး စာမေးပွဲပြီးတဲ့ အချိန်အထိကို လုံခြုံရေး အထပ်ထပ်ချထားတဲ့ နေရာမှာပဲ မေးခွန်း
ထုတ်တဲ့ သူတွေ က နေနေရတာ။ ဘယ်က မေးခွန်း က ပေါက်မှာလဲ။ ဒီအတိုင်းပဲ။ မေးခွန်း
စခန်းက ထုတ်လာတဲ့ မေးခွန်း လွှာတွေကိုလည်း သက်ဆိုင်ရာ မြို့နယ် အလိုက် ရဲစခန်း၊ ဘဏ်တိုက် တွေမှာ ထားတော့ မေးခွန်းပေါက် တာတွေ က မဟုတ်နိုင်ပါဘူး” ဟု ဖြေသည်။
ယခုရက်ပိုင်း စစ်ဆေး နေသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ နိုင်ငံခြား စာစစ် ဌာန အပါအဝင် စာစစ်ဌာန စုစုပေါင်း (၁၂၆၈) ခုတို့၌ ကျောင်းသားများ ရိုးသား စွာ ဖြင့် ဖြေဆိုမှုကို အားပေးပြီး မသမာသော နည်းလမ်းဖြင့် ဖြေဆိုမှုကို လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း တရားဝင် ညွှန်ကြားမှု များလည်း ပြုပေး ထားသည်ဟု ပညာရေး ဝန်ကြီးဌာန မှ သိရသည်။

No comments: