Wednesday, March 14, 2012

မတ်လ ၁၅၊ ၁၆ရက်တွင် ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်ကျင်းပမည်ဖြစ်ပြီး အမျိုးသားစီမံကိန်းစီးပွားရေးတိုးတက်မှုဝန်ကြီးဌာနက တင်ပြထားသော “အမျိုးသားဒီမံကိန်းဥပဒေကြမ်း”နှင့်

မတ်လ ၁၅၊ ၁၆ရက်တွင် ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်ကျင်းပမည်ဖြစ်ပြီး အမျိုးသားစီမံကိန်းစီးပွားရေးတိုးတက်မှုဝန်ကြီးဌာနက တင်ပြထားသော “အမျိုးသားဒီမံကိန်းဥပဒေကြမ်း”နှင့် “၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကြမ်း(ဘတ်ဂျက်)”တို့ကို ဆွေးနွေးပြီး၊ 
 
မဲခွဲဆုံးဖြတ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကပြောသည်။ မူလက ယခု ရက်သတ္တပတ်တွင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူရန် မရှိဟု လွှတ်တော်ကိုယ်စားလှယ်များ ထင်ထားရာမှ ယနေ့(မတ်လ၁၄ရက်) တွင် ကျင်းပသော လွှတ်တော်အစည်းအဝေးများတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပမည့်အကြောင်း လွှတ်တော်ဥက္ကဋ္ဌများက ပြော၍ သိရခြင်းဖြစ်ကြောင်း လွှတ်တ်ာကိုယ်စားလှယ်အချို့ကပြောသည်။
အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းအချို့မှာ လတ်တလောဆောင်ရွက်ရန် မလိုအပ်သေးသော စီမံကိန်းများနှင့် ပြည်သူလူထုအတွက် အကျိုးမရှိသော စီမံကိန်းများပါ၍ ရွှေ့ဆိုင်းခြင်း၊ ရပ်နားထားခြင်းများပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြထားကြသည်။
သို့သော် အဆိုပါဥပဒေကြမ်းကို ယခုအတိုင်း ပြဋ္ဌာန်းမည် သို့မဟုတ် ပြန်လည်ပြင်ဆင်ရမည်ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်သောအခါမှ အဖြေပေါ်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။

No comments: