အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ပုံနှိပ်မီဒီယာကဏ္ဍ
ကို ဆောင်ရွက်နိုင်ရေးအတွက် စာပေ စိစစ်ရေးမူဝါဒ များအား အဆင့်ဆင့် ပြောင်းလဲကျင့်သုံးလျက်ရှိရာတွင် တတိယအဆင့်အဖြစ် ပညာရေးဆိုင်ရာ
ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူ များအား ကြိုတင်တင်ပြထုတ်ဝေသည့် စနစ် (တင်/ထုတ်)မှ ကြိုတင်စိစစ်ခွင့်ပြု
ချက်ရယူခြင်း၊ ဖြန့်ချိခွင့်အမိန့်ရယူခြင်း ပြုရန်မလို တော့ဘဲ သတ်မှတ်ပေးထား သည့် စာပေစိစစ်ရေးမူများနှင့်အညီ ကိုယ်တိုင်စိစစ်ခြင်း၊ ပုံနှိပ်ခြင်းပြုလုပ်၍ ထုတ်ဝေသည့် စနစ် (ထုတ်/တင်)အဖြစ်
ပြောင်းလဲပေးလိုက်ကြောင်း စာပေစိစစ်
နှင့် မှတ်ပုံတင်ဌာနမှ သိရသည်။
ပုံနှိပ်မီဒီယာကဏ္ဍတွင် အနုပညာ
သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်း
ပညာနှင့် အားကစားစသည့် ဘာသာရပ်
ငါးမျိုးကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့
တွင် ပထမအဆင့်အနေဖြင့်လည်း
ကောင်း၊ စီးပွားရေး၊ မှုခင်းနှင့် ဥပဒေ
ဆိုင်ရာ ဘာသာရပ်နှစ်မျိုးကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ဒုတိယ အဆင့်အနေဖြင့်
လည်းကောင်း ထုတ်/တင်စနစ်အဖြစ် သတ်မှတ်ပေးခဲ့သည်။
ယခုတတိယအဆင့်အဖြစ် ပညာ
ရေးဆိုင်ရာ ဘာသာရပ်အား ထပ်မံသတ်
မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ
၁ ရက်နေ့မှစ၍ ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း သိရသည်။ကျန်နှစ်မျိုးကိုလည်း ကြိုတင်စိစစ်ခြင်း မပြုဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့်ပြုနိုင်ရေးအတွက် ဆက် လက် ဆောင်ရွက်သွား မည်ဖြစ်သည်။
ယခုအခါ ပြည်တွင်းပုံနှိပ်မီဒီယာ ကဏ္ဍတွင် ဂျာနယ် ၂၀၄ စောင်၊ မဂ္ဂဇင်း ၁၈၉ စောင်နှင့် အထွေထွေထုတ်ဝေခွင့် များအပါအ၀င် ထုတ်ဝေခွင့်ပေါင်း ၁,၀၁၆ ခုအား ခွင့်ပြုထုတ်ဝေလျက်ရှိ ကြောင်း သိရသည်။
No comments:
Post a Comment