ရွှေယင်းမာဦး
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)
အေးမြလှတဲ့ ကုက္ကိုပင်ကြီးတွေရဲ့ အရိပ် အောက် မြက်ခင်းစိမ်းပေါ်ထိုင်နေတဲ့
လူတွေရဲ့မျက်နှာတွေမှာ အပျော်ကိုယ်စီ
ကို မြင်နေ ရတယ်။ ခပ်လှမ်းလှမ်းကို
လှမ်းကြည့်တော့ မြန်မာတစ်ပြည်လုံးက
ချစ်တဲ့ ဧရာဝတီကို စတင်မွေးဖွားရာ မေခ၊ မလိခ မြစ်ဆုံဟာ တငြိမ့်ငြိမ့်။ အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)
'မြစ်ဆုံရဲ့ ကျေးဇူးပဲ့တင်သံ' ဆိုတဲ့ စာသားနောက်ခံနဲ့ စကားပြောစင်မြင့် ပေါ်မှာ လည်ကတုံးအင်္ကျီ၊ ကချင်ပုဆိုးနဲ့ ကိုမင်းကိုနိုင်က စကားပြောနေတယ်။
"အာဏာမရှိဘူးဆိုပြီး စိတ်မပျက်ပါနဲ့။ အာဏာမရှိပေမယ့် တကယ် ညီညွတ်မယ်ဆို ဩဇာရှိပါတယ်။ အရေးကြီးတာက အားလုံးညီ နေဖို့ပါ။ အတူတူပဲလို့ ခံစားတယ်ဆိုရင် အရာရာကို အောင်မြင် ပါတယ်။ "နောက်ဆုံး ဧရာဝတီမြစ်ကို ပိတ်ဆို့ မယ်ဆိုတဲ့ စီမံကိန်းကို တားလိုက်နိုင်တာ ဟာ အစိုးရရော၊ သမ္မတကြီးရော၊ ပြည်သူ ပြည်သားတွေ အားလုံးပူးပေါင်း ဆောင် ရွက်လိုက်တာပါ။ ပိတ်ဆို့မှုကို ဖွင့်လိုက် ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုဆို တဲ့ မြစ်ကြီးက စီးသွားပါပြီ။ သိပ်ပြီး မင်္ဂလာရှိပါတယ်"လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
'မြစ်ဆုံရဲ့ ကျေးဇူးပဲ့တင်သံ' ဆုတောင်း ပွဲနဲ့ မိတ်ဆုံစားပွဲကို မြစ်ဆုံတည်ရှိရာ ကချင်ပြည်နယ်၊ တန်ဖဲမြစ်ဆုံရွာလေးမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပခဲ့ တာပါ။
မြစ်ဆုံရှိရာကို လှမ်းမြင်နေရတဲ့ ကမူမြင့်မြင့်လေးပေါ်မှာ ကချင်တိုင်းရင်း သားဝတ်စုံ အမျိုးမျိုးဝတ်ဆင်ထားသူ ၁၀၀ ၀န်းကျင်ဟာ လွတ်လွတ်လပ်လပ် ထိုင်ရင်း ကိုမင်းကိုနိုင်ရဲ့စကားကို နား ထောင်နေကြပါတယ်။
ပရိသတ်ထဲမှာ ကချင်ပြည်နယ် ဒေသခံတွေသာမက သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးသမားတွေ၊ ကဗျာ၊ ကာတွန်း၊ စာပေအနု ပညာသမားတွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေလည်း ပါဝင်ပါတယ်။
"မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တန်ဖဲ ဒေသက တိုင်းရင်းသားတွေအားလုံး မြစ်ဆုံကြီး ပုံမှန်စီးဆင်းဖို့ ဆောင်ရွက်ကြ တဲ့အချိန် ကျွန်တော်တို့က ထောင်ထဲမှာ ပါ။ ကချင်ပြည်နယ်ကိစ္စ ငါတို့နဲ့မဆိုင် ဘူးလို့ မရှိပါဘူး။ "ကချင်ဒေသဟာ ပြည်ထောင်စုကြီး ရဲ့ ခေါင်းပိုင်းနဲ့တူပါတယ်။ ခေါင်းမှာထိ ရင် ရင်ဘတ်ထဲမှာ နာပါတယ်။ ထောင် ထဲက ပိတ်ထားတဲ့လူတွေက အပြင်က လူတွေလို မလုပ်နိုင်ဘူး။ ထောင်ထဲမှာ မြစ်ဆုံနဲ့ ဧရာဝတီရှင်သန်ဖို့အတွက် သီချင်းစပ်ခဲ့ပါတယ်။ လုပ်နိုင်တာလုပ်ခဲ့ တာကို အသိအမှတ်ပြု ပေးပါ"လို့ ကိုမင်း ကိုနိုင်က ပရိသတ်ကြီးကို ပြောတယ်။
မြစ်ဆုံရေကာတာစီမံကိန်း ခေတ္တရပ် ပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာနိုင် ကြတာ၊ ပျော်ပျော်ပါးပါး မိတ်ဆုံစားနိုင် တာ၊ ကျေးဇူးတင်စကားပြောနိုင်တာ စတဲ့ အောင်ပွဲအတွက် ကိုယ့်ခံစားချက်နဲ့ ကိုယ် လိုချင်တာကို သတ္တိရှိရှိ ဖော်ထုတ်နိုင်ခြင်း ကို အခြေခံခဲ့တယ်လို့ သူက ဆိုပါ တယ်။
ကိုယ့်ရေ ကိုယ့်မြေကို ချစ်ကြသူတွေ၊ ကချင်ပြည်နယ်မှာဖြစ်တာကို စိတ်ပူပြီး ၀ိုင်းဝန်းရပ်ပေးကြတဲ့ ပြည်ထောင်စုသား တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့တွေ၊ အနုပညာသမား၊ စာပေ သမားတွေကို ကျေးဇူးတင်တယ်လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
"စီးပွားရေးအရ ပိုက်ဆံရမယ့်ကိစ္စ တစ်ခုလောက်ကိုမကြည့်ဘဲ ဟိုးမမွေး သေးတဲ့ ကလေးတွေရဲ့ အနာဂတ် အတွက်ကြည့်ပြီးတော့ အမြော်အမြင် ကြီးတဲ့ ပညာရှင်တွေ၊ တိုင်းရင်းသားတွေ ရဲ့ အမြော်အမြင်ကြီးမှုကို ကျေးဇူးတင်ပါ တယ်"လို့ သူက ပြောတယ်။
"အမျိုးသားညီညွတ်ရေးဟာ အရေး ကြီးပါတယ်။ မြစ်ဆုံမှ စရသွားပြီး စစီး သွားပါပြီ။ ကမ္ဘာတည်သရွေ့ ထိန်းသိမ်း သွားကြပါစို့"လို့ သူကဆိုပါတယ်။
ဝါရင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးသမားကြီးတစ်ဦး ဖြစ်တဲ့ ဦးအုန်းကလည်း ဧရာဝတီကို လူ တစ်ယောက်ရဲ့ လည်ပင်းနဲ့ နှိုင်းယှဉ် ဥပမာပေးပါတယ်။
"ကချင်ပြည်နယ်ရဲ့ မြစ်ဆုံဒေသဟာ လူတွေရဲ့လည်ပင်းလိုပဲ။ လည်ပင်းကို ညစ်ရင် ခန္ဓာကိုယ်တစ်ခုလုံး ဇီဝိန်ကြွေဖို့ ရှိပါတယ်"လို့ ဦးအုန်းက ဆိုပါတယ်။
ကချင်ပြည်နယ်ဟာ သစ်ခွအမျိုး ၈၀၀ ကျော်၊ တောင်ဇလပ်မျိုး ၂၀၀ ကျော်ကို ပိုင်ဆိုင်ထားသလို ရှားပါးလှတဲ့ အပိုလို လိပ်ပြာ၊ ကမ္ဘာမှာ အသေးဆုံးဆိုတဲ့ သမင် မျိုးတွေကိုလည်းတွေ့ရှိနိုင်တဲ့ ရှားပါး အဖိုးတန်တဲ့ သဘာ၀၀န်းကျင်ကို ပိုင်ဆိုင် ထားတယ်လို့ သူက ပြောတယ်။
"ဧရာဝတီမြစ်ဟာ ကမ္ဘာကတောင် အလေးထား တန်ဖိုးထားတဲ့မြစ်၊ မြန်မာ ပြည်မှာ မြစ်ဖျားခံတယ်။ မြန်မာပြည်ထဲ ဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင် တယ်။ ဧရာဝတီကို ကချင်တင်မကဘူး၊ ဗမာရော၊ ရခိုင်ရော၊ မွန်ရော၊ ကရင်ရော အားလုံးဝိုင်းပြီး အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်ရမယ်"လို့ ဦးအုန်းက မျက်ရည်တွေကြားထဲက ပြောပါတယ်။ အနုပညာရှင်တွေကိုယ်စား ကျေးဇူး တင်စကားပြောတဲ့ ကာတွန်း အောပီ ကျယ်ကတော့ ဒီအကြီးစားစီမံကိန်းကြီး ရပ်တန့်ပြီး ဧရာဝတီကို အသက်ဆက်ရှင် စေနိုင်ခဲ့တဲ့အတွက် ၀မ်းသာပေမယ့် သိပ် တော့မသေချာသေးဘူးလို့ ဆိုပါတယ်။
"မသေချာသေးခြင်းကို ကျွန်တော်တို့ တက်ထောင်လိုက်လို့မရသေးဘူး။ ခံစား မှုက အရေးကြီးပါတယ်။ နှလုံးသားနဲ့ အလုပ်လုပ်မှ ပြည်သူတစ်ရပ်လုံး ပါဝင် တယ်။ သို့သော်အသိဉာဏ်ဦးဆောင်တဲ့ ခံစားမှုနဲ့ ဧရာဝတီမြစ်ကြီးရော၊ မြန်မာ ပြည်နဲ့ ဆိုင်တဲ့ကိစ္စတွေကို ဆောင်ရွက် နိုင်ပါစေ"လို့ အော်ပီကျယ်က ဆုတောင်း ပါတယ်။
အဲဒီဆုတောင်းပွဲအပြီးမှာ ပွဲတက် ရောက်သူတွေဟာ အောက်ဘက် မြစ်ဆုံ ရှိရာအထိဆင်းပြီး ကျောက်တုံးတွေကို သယ်နိုင် သလောက် သယ်ပြီး ပြန်တက် လာခဲ့ကြပါတယ်။
မြစ်ဆုံမှာရှိတဲ့ 'ရှိန်ရာဖန်'လို့ ခေါ်တဲ့ ကချင်ရိုးရာအိမ်တော်ရှိရာ ခြံထဲကို အဲဒီ ကျောက်တုံးတွေ ပုံထားလိုက်ပါတယ်။
အဲဒီကျောက်တုံးတွေဟာ မြစ်ဆုံအမှတ် တရ ကျောက်တိုင်ကြီးအဖြစ် ပေါ်ထွက် လာတော့မှာ ဖြစ်ပါတယ်။
No comments:
Post a Comment