Thursday, March 8, 2012

ခြေချောင်း လက်ချောင်း အများဆုံး မြန်မာမိန်းကလေး ဂင်းနက်စ်စံချိန်နဲ့လွဲ

ခြေချောင်း လက်ချောင်း အများဆုံး မြန်မာမိန်းကလေး ဂင်းနက်စ်စံချိန်နဲ့လွဲချော်သွားခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်မှ အသက်(၆)နှစ်အရွယ် မိန်းကလေးတစ်ဦးက ခြေချောင်းလက်ချောင်းစုစုပေါင်း အချောင်း၃၀ဖြင့် ၂၀၁၁ခုနှစ်၏ ခြေလက်အများဆုံး လူသားအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန် တင်သွားကြောင်း ခြေချောင်းလက်ချောင်း အများဆုံး မြန်မာမိန်းကလေး ဂင်းနက်စ်စံချိန်တင်ရေး လုပ်ဆောင်သူ ဦးကိုကိုလတ်(အမရပူရ)ကပြောသည်။


၂၀၁၀ခုနှစ်ရဲ့ ဂင်းနက်စ်စာရင်းဆို လဲ့ရတီမင်းက ခြေချောင်းလက်ချောင်း အများဆုံးစံချိန်တင်တယ်။ ဒါပေမဲ့ စာရင်းတင်တာနောက်ကျလို့ ၂၀၁၁ ခုနှစ် စာရင်းဝင်သွားတာ။ ၂၀၁၁ ခုနှစ် နိုဝင်ဘာက ခြေချောင်းလက်ချောင်း အများဆုံး ဂင်းနက်စ်စံချိန်စာရင်းကြေညာတာ ဘင်္ဂလားဒေ့ရှ်မှ အသက်(၆)နှစ်အရွယ် မိန်းကလေးတစ်ဦးကရသွားတယ်။ လဲ့ရတီမင်း မိဘတွေက စိတ်တော့မကောင်းကြဘူး။ အဲ့ဒီဘင်္ဂလားဒေ့ရှ်က ကောင်မလေးက ၂၀၁၁ခုနှစ် ငါးလပိုင်းမှာ တင်တယ်။ အင်တာနက်မှာ လဲ့ရတီမင်းရဲ့ ခြေချောင်းလက်ချောင်း အများကြီးရှိတာကို မြင်ပြီးသူတို့လည်း ပြိုင်လို့ရတာပဲဆိုပြီးတင်တာ။ ဂင်းနက်စ်မှတ်တမ်းရုံးကို တိုက်ရိုက်တင်တာ ဟု ယင်းကထပ်မံပြောသည်။
မလဲ့ရတီမင်းသည် ခြေချောင်းလက်ချောင်း စုစုပေါင်း၂၆ ချောင်းဖြင့် ခြေချောင်းလက်ချောင်း အများဆုံး မြန်မာမိန်းကလေးဖြစ်ပြီး ယခုအခါ တောင်ဥက္ကလာပ(၁၀)ရပ်ကွက်တွင် နေထိုင်လျက်ရှိပါသည်။

No comments: