Thursday, March 8, 2012

အမျိုးသမီးများအတွက် သတိပြုရန်အချက်များ

အမျိုးသမီးများသည် လိင်ဆက်ဆံမှုပြုရာ၌ သတိပြုရမည့်အချက်များစွားရှိပါသည်။ အဆိုပါ သတိပြုရမည့်အချက်များအနက် အရေးကြီးသော အချက်သုံးချက်ကို ဖော်ပြလိုက်ပါသည်။

- ရေအခြေခံချောမွေ့ပစ္စည်းသာ အသုံးပြုပါ
သားမွေးလမ်းကြောင်း ခြောက်သွေ့မှုနှင့် လိင်ဆက်ဆံစဉ် နာကျင်မှုတို့သည် အမျိုးသမီးများကြုံတွေ့ရလေ့ရှိသောပြဿနာဖြစ်သည်။ ထိုအခါ ချောမွေ့စေသော ပစ္စည်း(Lubricants)များကို သုံးစွဲတတ်ကြသည်။ ချောမွေ့ပစ္စည်းများ (Water-based Lubricants)ကိုသာသုံးစွဲရမည်ဖြစ်ပါသည်။ ထိုသို့အသုံးပြုခြင်းဖြင့် သားမွေးလမ်းကြောင်းခြောက်သွေ့မှုကို ကာကွယ်ပေးနိုင်ပြီး ထိခိုက်ဒဏ်ရာရခြင်းမှလည်း ရှောင်ကြည်နိုင်မည်ဖြစ်သည်။ ဆီအခြေခံချောမွေ့ပစ္စည်း (Oil-based Lubricants)တို့ကိုသုံးပါက ကွန်ဒုံးနှင့် သားအိမ်အစွပ်တို့အားပျော့ခြင်း သို့မဟုတ် ပေါက်ပြဲခြင်းတို့ဖြစ်တတ်ပါသည်။ ထို့အပြင် ရောဂါပိုးမွှားများဝင်ရောက်ခြင်းကိုလည်း အားပေးရာရောက်နိုင်ပါတယ်။



- စအိုမှ သားမွေးလမ်းကြောင်းသို့ မပြောင်းပါနှင့်
စအိုအတွင်းထည့်ခဲ့သော လက်ချောင်း၊ အမျိုးသားအင်္ဂါနှင့် အခြားမည်သည့် အရာဝတ္တုကိုမဆို သားမွေးလမ်းကြောင်းအတွင်း ပြောင်းလဲထည့်ခြင်းလုံးဝမပြုရပါ။ အကယ်၍ ထည့်သွင်းလိုပါလျှင် ပြန်လည်ဆေးကြောသန့်စင်မှုကို ဦးစွာလုပ်ဆောင်ရပါမည်။

- ကွန်ဒုံးသုံးပါ
လိင်ဆက်ဆံသောအခါတိုင်း ကွန်ဒုံးသုံးစွဲရန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက အကြံပေးတိုက်တွန်းလျက်ရှိသည်။ မိမိ၏ ခင်ပွန်း၊ ဇနီးမယားနှင့် ဆက်ဆံသည်ဖြစ်စေ၊ အခြားသူနှင့် ဆက်ဆံသည်ဖြစ်စေ ကွန်ဒုံးသုံးသင့်သည်။ ကွန်ဒုံးသုံးစွဲခြင်းသည် လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သည်။ ဆစ်ဖလစ်၊ ဂနိုရောဂါတို့မှသည် အသည်းရောင်ရောဂါနှင့် HIV/AIDSရောဂါအဆုံး ကွန်ဒုံးသုံးစွဲခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်ပါသည်။
မြန်မာသတင်းရပ်ဝန်း

No comments: