တစ်ခုဖြစ်သည့် Umbro မှ စပွန်ဆာ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ လက်ရွေးစင် အသင်းသည် ကုန်ပစ္စည်း အမှတ်တံဆိပ် မယ်မယ်ရရ မရှိဘဲ ကြုံရာ ၀တ်စုံများဖြင့်သာ ပြိုင်ပွဲများအား ၀င်ရောက် ယှဉ်ပြိုင်လျှက် ရှိနေခဲ့ရာ ယခုအခါ နာမည်ကြီး အားကစား ကုန်ပစ္စည်း Umbro မှ ၃နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် စပွန်ဆာ ပေးအပ်ရန် အလွန်နီးစပ် နေပြီဖြစ်သည်။ ဘောလုံး အဖွဲ့ချုပ်မှ ဈေးကွက် တာဝန်ခံ ဦးဆူးအောင်က "Umbro နဲ့ စာချုပ် ချုပ်ဆို နိုင်တော့မှာပါ။ ရှေ့လထဲမှာ ချုပ်ဖြစ်ဖို့ ရှိပါတယ်။ လောလောဆယ်တော့ လက်ရွေးစင် အသင်းကြီး အတွက်ကိုပဲ ၃နှစ် စာချုပ်လောက် ချုပ်သွားမှာပါ။ သူတို့ဘက်က ကျွန်တော်တို့ အတွက် လိုအပ်မယ့် ဂျာစီတွေ၊ အခြား ပစ္စည်းတွေကို ထောက်ပံ့ပေး သွားမှာပါ" ဟု Soccer Myanmar သို့ ပြောကြားခဲ့သည်။
စာချုပ် ချုပ်ဆိုအပြီးတွင် Umbro အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင် အရောင်းဆိုင် လာရောက် ဖွင့်လှစ်မည် ဖြစ်ကာ မြန်မာ ဘောလုံးချစ် ပရိသတ်များ အတွက် လက်ရွေးစင် အသင်းကြီး ဂျာစီများအား ရောင်းချပေး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ "သူတို့ ရန်ကုန်မှာ အရောင်းဆိုင် ဖွင့်ပါလိမ့်မယ်။ ပရိသတ်တွေ အဆင်ပြေဖို့ အတွက် တန်ဖိုးမြင့် ဂျာစီတွေ အပြင် အဖိုးနှုန်း သက်သာတဲ့ ဂျာစီ မျိုးတွေကိုပါ ရောင်းချ ပေးသွားပါလိမ့်မယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ လက်ရွေးစင် အသင်းသည် ပြီးခဲ့သည့် နှစ်ပိုင်းများက Adidas အမှတ်တံဆိပ်ပါ ဂျာစီများအား ၀တ်ဆင် ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်များ အနေဖြင့် မြန်မာအသင်း ဂျာစီအား ၀ယ်ယူရန် အခက်တွေ့ခဲ့ရသည်။
စာချုပ် ချုပ်ဆိုအပြီးတွင် Umbro အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင် အရောင်းဆိုင် လာရောက် ဖွင့်လှစ်မည် ဖြစ်ကာ မြန်မာ ဘောလုံးချစ် ပရိသတ်များ အတွက် လက်ရွေးစင် အသင်းကြီး ဂျာစီများအား ရောင်းချပေး သွားမည် ဖြစ်ကြောင်းလည်း သိရ...
Umbro သည် နိုင်ငံ လက်ရွေးစင် အသင်း ၁၁နိုင်ငံအား စပွန်ဆာ ပေးထားပြီး ထိုအထဲတွင် အင်္ဂလန်၊ နော်ဝေး၊ ဆွီဒင်၊ ဝေးလ် အစရှိသည့် နိုင်ငံ လက်ရွေးစင် အသင်းများ ပါဝင်လျှက် ရှိနေသည်။ ၎င်းတို့၏ ပထမဆုံး ဂျာစီမှာ ၁၉၃၄ခုနှစ်က မန်ချက်စတာ စီးတီး အသင်းအတွက် ဂျာစီဖြစ်သည်။

Tags:
No comments:
Post a Comment