Monday, July 16, 2012

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအသစ်များ ဖြစ်ပွားကြောင်း ဆီးရီးယား အတိုက်အခံများ ပြောဆို

Photo

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအသစ်များ ဖြစ်ပွားကြောင်း ဆီးရီးယား အတိုက်အခံများ ပြောဆို

By Yatanarpon 16 July, 2012 - 19:32
ဇူလိုင်လ ၁၆ ရက်။    ။ အစိုးရစစ်တပ်မှ အမြောက်ကြီးများနဲ့ တိုက်ခိုက်မှု အပါအဝင် အခြားသော တိုက်ခိုက်မှု အမျိုးမျိုးတို့ကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးတဲ့ ဟာမားပြည်နယ် အလယ်ပိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအသစ်များ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဆီရီးယားတက်ကြွ လှုပ်ရှားသူများက ပြောကြားလိုက်ပါတယ်။


ဟာမားပြည်နယ် အလယ်ပိုင်းရှိ ထရိမ်ဆေး Traimseh ကျေးရွာကို တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များ ရရှိထားပြီးဖြစ်ကြောင်း ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူအဖွဲ့ တော်တော်များများက ဇူလိုင်လ ၁၂ ရက် ကြာသပတေးနေ့မှာ ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟာမား တော်လှန်ရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ထရိမ်ဆေး ကျေးရွာမှာ လူပေါင်း ၂၂၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သံချပ်ကာကားနဲ့ ရဟတ်ယာဉ်များပေါ်မှနေ၍ ဗုံးကြဲတိုက်ခိုက်မှုများ၊ အမြောက်ကြီးများနဲ့ ပစ်ခတ် တိုက်ခိုက်မှုများအပြင် အကျဉ်းရုံး သတ်ဖြတ်မှုတွေကြောင့် သေဆုံးရခြင်း ဖြစ်တယ်လို့လည်း ဖေါ်ပြထားပြန်ပါတယ်။

ရတနာပုံ ဘာသာပြန်သတင်း

No comments: