Thursday, April 19, 2012

သင်္ကြန်နောက်ဆုံးရက်ကို S.I.R မဏ္ဍပ်မှာ ဖြတ်သန်းခဲ့တဲ့ မင်းသွေး

Share
ရန်ကုန်၊ ဧပြီ ၁၇
မင်းသွေးက သင်္ကြန်တွင်းကို အိမ်မှာသုံးရက် ဖြတ်သန်းပြီး ဒုတိယအကြတ်နေ့နဲ့ အတက်နေ့ကိုတော့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ S.I.R မဏ္ဍပ်မှာ ဖြတ်သန်းခဲ့ပါတယ်။ သိမ်ဖြူကွင်းမှာ ပြုလုပ်ခဲ့တဲ့ ရခိုင်သင်္ကြန်ကိုတော့ မင်းသွေးက ဒီနှစ်မှာ မသွားဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
အမှန်တော့ ဒီနှစ်သင်္ကြန် အပြင်ထွက်ဖို့ အစီအစဉ် မရှိဘူးဗျ။ ဒါပေမဲ့ S.I.R က ဖော်ကာတို့က မနှစ်က သင်္ကြန်ကို ကျွန်တော် မလာဖြစ်လို့ ဒီနှစ်အတင်းခေါ်လို့ သွားဖြစ်တာ။ ပျော်ပါတယ်။ ကိုယ့် ဘော်ဒါတွေချည်းပဲ ဆိုတော့လေ။ သင်္ကြန်မှာတော့  အားလုံးခြုံကြည့်ရင်တော့ ဝတ်စားဆင်ယင်မှုတွေက တစ်မျိုးမြင်စရာ ရှိတာပေါ့။ ဒါပေမဲ့ လုံလုံခြုံခြုံ ဝတ်တဲ့လူတွေလည်းရှိပါတယ်။ သင်္ကြန်မှာတော့ လူကြီးတွေထက် လူငယ်တွေက ပိုပျော်ကြတာပေါ့။ ကျွန်တော်တို့ မြန်မာတွေက အရမ်း လည်း ပျော် တတ်ကြတယ် လေ” လို့ ပြောပါတယ်။
မင်းသွေးက ဒီနှစ်သင်္ကြန်အတွက် အမှတ်တရအနေနဲ့ သူ့ရဲ့ ချွေးနှဲစာနဲ့ စုထားတဲ့ ပိုက်ဆံတွေထဲကနေ ဘုန်းကြီးတွေရဲ့ ဝေယျာဝစ္စအတွက် အလှူလုပ်ဖြစ်တယ် လို့လည်း ပြောပါတယ်။
သင်္ကြန်ပြီးရင်လည်း ကားရိုက်ဖို့ ရှိနေသေးတဲ့ မင်းသွေးက လက်ရှိ ရိုက်ဖြစ်ထားတဲ့ ကွက်ရှင်မတ်ဆိုတဲ့ ကားလေးကလည်း ဆက်နေတာ နည်းနည်း သောင်တင်နေတယ်။ သင်္ကြန်ပြီးရင်တော့ အဲဒါလေးပြီးလောက်ပါပြီ။ ပြီးရင်တော့ ကားတွေ ဆက်ရိုက်ဖို့ပဲ ရှိပါတယ်” လို့ပြောပါတယ်။ မင်းသွေးက နှစ်သစ်လက်ဆောင် စကားအနေနဲ့…” ပရိသတ်ကြီးလည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေနိုင်ကြပါစေ။ ပြီးတော့ ခုလက်ရှိရနေတဲ့ အခွင့်အရေးတွေကိုလည်း တာဝန်သိ ပြည်သူတွေအနေနဲ့ ပိုပြီး ထိန်းသိမ်း နိုင်ကြပါစေလို့လည်း ပြောခဲ့ပါတယ်။
ရဲရဲ   

No comments: