Wednesday, April 18, 2012

ဒေါ်အောင်ဆန်းစုကြည် ပတ်စ်ပို့လျောက်ထားတာ ခုချိန်ထိ မရရှိသေး

Photo (Education Digest)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြည်ပနိုင်ငံတွေကို
သွားရောက်လည်ပတ်ဖို့ ပတ်စ်ပို့လျောက်ထားတာ ခုချိန်ထိ မရရှိသေးကြောင်း
 အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ကိုးကားပြီး ရန်ကုန်ကပေးပို့တဲ့ အေအက်ပီသတင်းမှာ ရေးထားပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံခြား ရေးဝန်ကြီးနဲ့ ဘရစ်တိန်ဝန်ကြီးချုပ်
 ဒေးဗစ်-ကင်မရွန်းတိုရဲ့ ဖိတ်ကြားချက်အရ လာမဲ့ဇွန်လမှာ နော်ဝေနဲ့ ဗြိတိန်နိုင်ငံ
 တွေဆီ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ 

အမည်မဖေါ်လိုတဲ့ အစိုးရအရာရှိတဦးရဲ့ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ 
အနဲဆုံး ပြည်ပနိုင်ငံ ၃-ခုကို သွားရောက် လည်ပတ်မဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့ အေအက်ဖ်ပီသတင်းမှာ ရေးသားထားပါတယ်။

ဒီဗွီဘီ (Facebook)

No comments: