Thursday, April 19, 2012

လူကုန်ကူးမှုပပျောက်ဖို့အတွက် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့သူတွေအားလုံး လူသားချင်းစာနာပြီး တစ်တပ်တစ်အား ပါဝင်ဖို့တိုက်တွန်းပါတယ်

Photo
ကြူကြူဟန်
အတွဲ (၁၁)၊ အမှတ်(၂)
အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားပြီး   City FM  တွင်လည်း နှစ်စဉ်ဆုများ ရရှိနေသူတစ်ဦးဖြစ်သည့် အဆိုတော်   R  ဇာနည်ကို လူကုန်ကူးမှုနှင့်သက်ဆိုင်သော မှတ်တမ်း ရုပ်ရှင်တင်ဆက်သူအဖြစ်  MTV Exit  က ရွေးချယ်ထားသည့်အတွက် လူကုန်ကူးမှုတားဆီးပညာပေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်မှုများကို သိရှိရန် စာဖတ်ပရိသတ်များအား ဖော်ပြပေးလိုက်ပါသည်။
- MTV Exit က  မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ပြုလုပ်တဲ့ လူကုန်ကူးမှုနဲ့ဆိုင်တဲ့ မှတ်တမ်းတင်ရုပ် ရှင်ကိုတင်ဆက်သူအဖြစ်  R  ဇာ နည်ကို ရွေးချယ်တဲ့အခါ လက်ခံဖြစ် တဲ့ အကြောင်းလေးကို သိပါရစေ။
လက်ခံဖြစ်တဲ့အကြောင်းရင်းကတော့ လူမှုရေးအလုပ်ကို တတ်စွမ်းတဲ့အနုပညာနဲ့ တစ်တပ်တစ်အားပါဝင်တဲ့ သဘောပါပဲ။ ဒီမှတ်တမ်းခွေမှာ ပရိသတ်စိတ် ၀င်စားလာ အောင် ဘယ်လိုတင်ဆက်ထားလဲ။

ဒီဟာက တကယ့်ဒီအဖြစ်အပျက်လေးကို ကိုယ်ကပြန်ပြောပြတဲ့ ဇာတ်လမ်းလေးပါ။ ပြည်သူ လူထုက ဒီဇာတ်လမ်းလေးကို ကြည့်ပြီးတော့ ကျွန်တော်ပြောပြတဲ့ဟာကို ဥပမာ-ဒီဇာတ်လမ်းမျိုးလေးကို နားထောင်ပြီးတော့ သူတို့တွေ နားလည်လွယ်အောင် ပြောပြတဲ့သဘောပါ။
- ဒီအစီအစဉ်က ထူးခြားတယ်လေ။ အစ်ကိုက လူကုန်ကူးမှတ်တမ်း ရုပ်ရှင်မှာ  ဘာကြောင့်ပါဝင်ဖြစ်ခဲ့တာလဲ။
ကျွန်တော်က ဘာကြောင့် ပါဝင်ဖြစ်လဲဆိုတော့ ဒီကို ကောင်းဇန်တို့လာပြီး ကမ်းလှမ်းတဲ့အခါမှာ ပြီးခဲ့တဲ့နှစ်ကလည်း ဒီလိုပဲ တခြားအနုပညာရှင်တစ်ယောက်က ဒီလိုလုပ်ဖူးတယ်ပေါ့နော်။ ဒီလို အနုပညာရှင်တွေက ၀ိုင်းပြီး လုပ်ကြတဲ့ကိစ္စမို့ လုပ်ပေးစေချင်တယ်ပြောလို့ပါဝင်ဖြစ်တာပါ။
- နာမည်ကျော်အဆိုရှင်တစ် ယောက်က အစီအစဉ်တင်ဆက်သူအနေနဲ့ လုပ်ပေးလိုက်တဲ့အခါ လူကုန်ကူးတဲ့ကိစ္စမှာ ပြည်သူလူထုအပေါ် ဘယ်လောက်ထိ သက် ရောက်မှုရှိနိုင်မလဲ။
ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိမလဲဆိုတော့ ကျွန်တော်တို့ ဒီဇာတ်လမ်းလေးကို မပြသေးဘူး။ ပြပြီးလို့ရှိရင် အကျိုး သက်ရောက်မှုတစ်ခုကတော့ ရှိမယ်။ ဘယ်အတိုင်းအတာထိ ရှိမယ်လို့တော့  အတိအကျ မပြောတတ်ဘူး။ ဒီဇာတ်လမ်းကို လူတွေကြည့်ပြီး ပြုမူတယ်ဆိုရင် သူတို့ရဲ့ခေါင်းထဲမှာ အသိဉာဏ် တစ်ခုဝင် သွားမယ်ပေါ့။ ငါတို့ ဒီလိုလူမျိုးတွေလို ငါတို့အဖြစ် မခံဘူး။ အဲလိုအသိဉာဏ်လေးတစ်ခုဝင်သွားမယ်ဆိုရင် ဘာပဲပြောပြောအကျိုးရှိမှာပါ။ ဘယ်လောက်ထိလဲဆို တော့ တိုင်းပြည် တစ်ပြည်လုံး ကြည့်မိတယ်ဆိုရင် တိုင်းပြည်တစ်ပြည်လုံး အကျိုးရှိ မှာပေါ့နော်။ တိုင်းပြည်တစ်ဝက်ပဲ ကြည့်မိတယ်ဆိုရင် တစ်ဝက်ပဲ အကျိုးရှိမယ်။ ဒါပေမဲ့ လူတစ်ကိုယ် စိတ်တစ်မျိုးဆိုတော့ သူတို့ရဲ့ ဆုံး ဖြတ်ချက် အိုင်ဒီယာတွေ တူကြမှာ မဟုတ်ဘူး။ များသောအားဖြင့် လူကုန်ကူးမှုဖြစ်တယ်ဆိုတာကလည်း ခုနက ပြောခဲ့ သလိုပဲ စားဝတ်နေရေး မပြေလည်မှုတွေရယ်၊ ပညာမတတ်လို့ရယ်၊ သူများပြောတာ ယုံမယ်။ အဲဒါတွေပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာပါတယ်၊ သူများပြောတာ ယုံမယ်။ ယုံစားမိတာကနေ ကိုယ့်ရဲ့ စားဝတ်နေရေး အကျပ်အတည်း အကြောင်းအရ သွားပြီးတော့ ဖြစ်မယ်။ ပြီးတော့ ပြဿနာတွေတက်မယ်။ ဒုက္ခတွေရောက်မယ်။ ဒါပဲပေါ့။
အဲဒါတွေ မရှိတော့ ဘူးဆိုလို့ရှိရင်၊ ဒီဇာတ်လမ်းလည်း ကြည့်မိတယ်။ သတိပြုမိတယ်ဆိုရင်တော့ဘာပဲပြောပြော အကျိုးရှိမှာပေါ့။
- လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ဘယ်လို အကြံဉာဏ်မျိုးပေးချင်ပါလဲ။
လူကုန်ကူးခံထားရတဲ့ ပြည်သူတွေကို ခုနကပြောသလိုပဲ သူတို့ကို ဘာပြောရမလဲ။ သူတို့ မသိလို့ လုပ်လိုက်တဲ့ကိစ္စဆိုတော့လေ။ အစ်ကို့အနေနဲ့ကျတော့ သူတို့ မသိလို့ မှားမိတဲ့ အမှားဆိုတော့ အခုသိပြီဆိုရင် ဆင်ခြင်မှရမယ်။ လွတ်မြောက်နိုင်မယ့် အကြံဉာဏ်ကတော့ ဒီမှာ အခုလက်ရှိသူက အခိုင်းအစေဖြစ်နေတယ်ဆိုလို့ ရှိရင်တော့ နီးစပ်ရာသူရောက်နေတဲ့ နေရာရဲ့ လူမှုဝန်ထမ်းဌာနတို့ ရဲစခန်းတို့ ဘာတို့တော့ ရောက်အောင်သူသွားရမှာပေါ့။ သွားမှပဲ အဆင် ပြေမှာပေါ့။ ပတ်ဝန်းကျင်က သိပြီး သူကိုကယ်နိုင်မယ့် လူဆီ သိ အောင်ပြောရမှာပေါ့။ တကယ် ဒုက္ခရောက်နေရင် မတူဘူးနော်။ နားလည်မှုလွဲမှာစိုးလို့ သူများဆီမှာ ငွေရေး၊ ကြေးရေး၊ အခကြေးငွေယူပြီး အလုပ်လုပ်တာနဲ့ သူများက ကိုယ့်ကို ရောင်းစားခံရတာနဲ့ မတူဘူး။ အဲဒါလေးတော့ ကွာ သေးတယ်။
- MTV Exit    က ပြုလုပ်တာ  နှစ် ကြိမ်ရှိပြီပေါ့။ နှစ်ကြိမ်လုံးက အဆိုတော်တွေပဲ ရွေးထား တယ်လေ။ အဲဒါ ဘာကြောင့် ဖြစ်မလဲ။ အဆိုတော်တစ်ယောက်အနေနဲ့ ပြောပေးပါလား။
ကျွန်တော် ထင်တာတော့ မပြောတတ်ဘူးဗျ။ ယိုးဒယားမှာ လဲ ယိုးဒယားလူဆိုရင် ရုပ်ရှင်မင်း သားနဲ့စီစဉ်တာ။  သူတို့ဒီမှာက ဘာဖြစ်လို့ အဆိုရှင်နဲ့လုပ်လဲဆို တာတော့ ကျွန်တော်အတိအကျ ပြောမပြတတ်ဘူး။ ကျွန်တော် ထင်တာပေါ့နော်။ ကျွန်တော်တို့ က ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ ရတာတော့ ရှိတာပေါ့နော်။ ပရိသတ်နဲ့ နင်လား၊ ငါလား၊ ဆဲလည်းခံရတာပဲ။ ချီးမွမ်းလည်း ခံရတာပဲ။ အဲဒါမျိုးတော့ ရှိတာပေါ့နော်။ ကိုယ်ကမြင်နေရတယ်လေ။ ရုပ်ရှင်မင်းသား၊   မင်းသမီးကျ တော့ သူတို့ကတော့ သူတို့ မကြိုက်လည်း သူတို့ဆဲတာ ဘာမှ မကြားရဘူး။ ဘာဖြစ်လို့လဲဆို သူတို့ကိုတီဗီပေါ်ကနေ ကြည့်ရတာ၊ မြင်ရတာဆိုတော့လေ။ အဲတော့ ပိုပြီးတော့ အကျိုးသက် ရောက်မှုအများကြီးမဟုတ်တောင်  နည်းနည်း လေးကွာမှာပေါ့နော်။ အဲဒါကြောင့်အဆိုတော်တွေကို ရွေးဖြစ်တယ် လို့ထင်တယ်။
- ဟိုတစ်နေ့က  ဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သားသားနဲ့ အစ်ကိုပုံ တွေ့လိုက်တယ်။ ဘာအကြောင်းနဲ့ တွေ့ဖြစ်တာပါလဲ။
ဒီလိုပဲ၊ ကိုယ်က ဘာကိစ္စနဲ့တွေ့လဲဆိုတော့ ကိုယ်တို့အနုပညာရှင်တွေနဲ့ အခွေလုပ်ထားတာရှိ တယ်။ အဲဒီအခွေလေးတွေ ရဲ့ အခြေအနေလေးခေါ်ပြီး ပြောတာပေါ့။
- အင်န်အယ်လ်ဒီရဲ့စည်းရုံးရေးမှာ အနုပညာရှင်တွေ ပါဝင်မယ်လို့ သိရပါတယ်။ အစ်ကိုရောပါဝင်ဖို့ရှိလား။
ကိုယ်ကတော့ အင်န်အယ်လ်ဒီရဲ့ စည်းရုံးရေးမှာ မပါဝင်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မရှိဘူး။ ခရီးသွားမှာမို့။  စည်းရုံးရေးမှာ ကိုယ်မရှိနိုင်တော့ဘူး။ ၾသစေၾတးလ် သြားမွာ။ ခြောက်ရက် သူတို့တွေက တစ်ပတ်၊ နှစ်ပတ်အလိုမှာ အဲဒီစည်းရုံးရေးတွေက ရပ်မှာ။
- ပြောစရာလေးတွေရှိရင် နောက်ထပ်ဖြည့်စွက်ပြီး ပြောပေးပါလား။
လူကုန်ကူးမှုပပျောက်ဖို့အတွက် ဒီကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ လူတွေအားလုံး တစ်တပ်တစ်အား ပါဝင်ပြီးတော့ နီးစပ်ရာတွေကို လူသားချင်းစာနာကြဖို့ပေါ့နော်။ တစ်တပ်တစ်အား ပါဝင်ဖို့ တိုက်တွန်းပါတယ်။

No comments: