Wednesday, April 25, 2012

ကမ္ဘာ့ဈေးအကြီးဆုံးအိမ်တွေ ဘယ်မှာရှိလဲ

ကမ္ဘာတစ်လွှားတွင် လူချမ်းသာများစွာရှိသည့်အလျောက် ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ကာ နေထိုင်လေ့ရှိကြရာ လတ်တလောတွင် တန်ဖိုးအကြီးဆုံးအဖြစ် ရပ်တည်လျက်ရှိသည့် အိမ်၁၀လုံးကို ဖော်ပြလိုက်ပါသည်။
၁။ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံး အိန္ဒိယသန်းကြွယ်သူဌေးမူကတ်ရှ်အမ်ဘာနီ၏ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ နေအိမ်မှာ အမေရိကန်ဒေါ်လာ ၁ဘီလီယံ တန်ဖိုးရှိသည်။
၂။ ပြင်သစ်နိုင်ငံ Cote D’Azur ရှိ၊ Villa Leopolda သည် ၁၉၀၂ခုနှစ်က ဘယ်ဂျီယံဘုရင်လီယိုပိုလ် ၂ တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ပြီး လက်ရှိတွင် ပြင်သစ်ဘဏ်သူဌေး အက်ဒ်မွန်ဆာဖီရာ မိသားစုနေထိုင်ကာ အမေရိကန်ဒေါ်လာ ၅၀၆ သန်းတန်ဖိုးရှိသည်။

၃။လန်ဒန်မြို့ရှိ The Penthhouse သည် အမေရိကန်ဒေါ်လာသန်း ၂၀၀ တန်ဖိုး ရှိသည်။
၎။အမေရိကန်ပြည်ထောင်စုရှိ အိမ်ရာများတွင် အကြီးဆုံးဖြစ်သည့် The Hamptons ဧရိယာရှိ Fairfield Pond သည် အမေရိကန်ဒေါ်လာသန်း ၁၇၀ တန်ဖိုးရှိသည်။
၅။အမေရိကန်ပြည်ထောင်စု၊ဘေဗာလီဟေးရှ်အိမ်ကြီးရခိုင်ဖြစ်သော Hearst Mansion သည် အမေရိကန်ဒေါ်လာ ၁၆၅ သန်းတန်ဖိုးရှိသည်။
၆။အင်္ဂလန်နိုင်ငံ၊ ကင်ဆင်တန်ရှိ Franchuk Villa သည် အမေရိကန်ဒေါ်လာ ၁၆၁ သန်း တန်ဖိုးရှိသည်။
၇။အမေရိကန်ပြည်ထောင်စု၊ မွန်တားနားရှိ သန်းကြွယ်သူဌေးတစ်ဦးပိုင်ဆောင်သော The Pinnacle အိမ်သည် အမေရိကန်ဒေါ်လာ ၁၅၅ သန်းရှိသည်။
၈။ အမေရိကန်ပြည်ထောင်စု၊လော့စ်အိန်ဂျလိစ်ရှိ အိမ်ကြီးရခိုင်ဖြစ်သော The Manor သည် အမေရိကန်ဒေါ်လာသန်း ၁၅၀ တန်ဖိုးရှိသည်။
၉။ အင်္ဂလန်ရှိ Updown Court သည် အမေရိကန်ဒေါ်လာ ၁၃၉ သန်း တန်ဖိုးရှိသည်။
၁၀။ ရိုမေးနီးယားနိုင်ငံရှိ၊ ဒရက်ကူလာရဲတိုက်သည် အမေရိကန်ဒေါ်လာ ၁၃၅ သန်းတန်ဖိုးရှိပြီး သန်းနှင့်ချီသော ကမ္ဘာ့လှည့်ခရီးသည်များကို နှစ်စဉ်ဆွဲဆောင်နိုင်သော နေရာဖြစ်သည်။
Ref: 7Day News

No comments: