Monday, March 12, 2012

ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ် မီးလောင်မှုဖြစ်ပွါး

ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ် မီးလောင်မှုဖြစ်ပွါး
ဓါတ်ပုံ-(googleimages)
ရန်ကုန် ၊ မတ် ၁၂

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ တပ်မတော် အကြီးတန်းအရာရှိကြီးများ အများစုနေထိုင်ရာ မရမ်းကုန်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ

ကမ္ဘာအေးဗီလာအိမ်ရာတွင်  ယနေ့ (မတ် ၁၂ ရက် ) နံနက် ၃နာရီ ခွဲခန့် မှ ၅နာရီ ခန့် အထိ မီးလောင်ခဲ့ကြွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာန နှင့် မျက်မြင်သက်သေများထံမှ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာတွင် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့်ပတ်သတ်၍ မီးသတ်ဦးစီးဌာနသို့ The Voice Weekly က ဆက်သွယ်မေးမြန်းခဲ့ရာ ကမ္ဘာအေးဗီလာ အိမ်အမှတ် ( C-3 ) ဒေါ်တိုးရီ၏

 အလျားပေ ၆၀ ၊ အနံ ပေ ၆၀ ရှိ အာစီ ၂ထပ်ခွဲတိုက် မီးလောင်ခဲ့ရာ မြန်မာငွေ တန်ဖိုး ကျပ်၈သိန်းခန့် ဆုံးရှုံး ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

မရမ်းကုန်းမြို နယ် ၈ မိုင်လမ်းဆုံ အနီး၌ နေထိုင်သူများကမူ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ်ဖြစ်ကြောင်း သိရသည်။
The Voice Weekly 

No comments: